CNI International News

အိုဂါဒူးကူး၊ ဇန်နဝါရီ ၂၈

ဘာကီနာဖာဆိုနိုင်ငံ၏ အာဏာသိမ်းစစ်ခေါင်းဆောင်သစ်က ပဋိပက္ခများနှင့်ရင်ဆိုင်နေရသော မိမိတို့နိုင်ငံကို လုံခြုံရေးနှင့်အမိန့်တို့ ပြန်လည်ဆောင်ကြဉ်းပေးမည်ဖြစ်ပြီး တိုင်းပြည်ကို စုစည်းကျစ်လစ်စေမည်ဟု ကတိပြု ပြောကြားခဲ့သော်လည်း သစ္စာဖောက်ဖျက်မှုများကို သည်းခံနေမည်မဟုတ်ကြောင်း တဆက်တည်း သတိပေး ခဲ့သည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ယခုသီတင်းပတ်အစောပိုင်းက သမ္မတ ရို့ချ်မက်ခရစ်ရှန်ကာဘိုးကို ဖြုတ်ချ၍ စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းပြည်သို့ ဇန်နဝါရီ ၂၇ ရက်၊ ညပိုင်း၌ ပထမဆုံးပြောကြားသည့်မိန့်ခွန်းတွင် ကာကွယ်စောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေးမျိုးချစ်လှုပ်ရှားမှုဟု အမည်ခံယူထားသော စစ်အစိုးရခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး ပေါ်လ်ဟီနရစ်ဆန်ဒိုရာဂိုဒီမီဘာက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ပြည်သူတွေရဲ့ဆန္ဒကို သစ္စာဖောက်တဲ့လုပ်ရပ်တွေကို အလျှော့ပေးမှာ မဟုတ်ပါဘူး။ အဲဒီလို တကိုယ် ကောင်းဆန်တဲ့အကျိုးစီးပွားတွေနဲ့ လမ်းညွှန်မှုနာခံမယ့်သူကို ကျနော် ဒီနေရာကနေ သတိပေးလိုက်ပါတယ်” ဟု ဘာကီနာဖာဆို၏ နိုင်ငံပိုင်ရုပ်သံလွှင့်ဌာနမှ ထုတ်လွှင့်သည့်မိန့်ခွန်းတွင် ၎င်းက ပြောကြားခဲ့သည်။

သမ္မတအိမ်တော်မှနေ၍ မိန့်ခွန်းပြောကြားခဲ့သော ဆန်ဒိုရာဂိုဒီမီဘာက “နိုင်ငံအနေဖြင့် မကြုံစဖူး အကျပ် အတည်းနှင့် ရင်ဆိုင်နေရကြောင်း၊ မိမိတို့စစ်အစိုးရ၏ ဦးစားပေးလုပ်ငန်းမှာ လက်နက်ကိုင်အချင်း ချင်း တိုက်ခိုက် နေမှုများကို အပြောင်းအလဲလုပ်၍ လုံခြုံရေးပြန်လည်ထိန်းသိမ်းရန်ဖြစ်ကြောင်း၊ လူထု၏စကားကို နားထောင်ပြီး ရှေ့ဆက်လှမ်းသွားမည်ဖြစ်ကြောင်း” ကတိပြုခဲ့သည်။

“သမိုင်းကို ပြန်ကြည့်ရင် ကျနော်တို့နိုင်ငံဟာ ဒုက္ခမျိုးစုံ ကြုံခဲ့ရပါတယ်။ ဒါပေမယ့် အခုဆိုရင် ကျနော်တို့ ပြည်သူ တွေ အောင်မြင်ခဲ့တဲ့ ရန်သူ၏ဖိနှိပ်ချုပ်ချယ်မှုအောက်ကနေ ၆ နှစ်ထက်မကျော်အောင် ရုန်းထွက်နိုင်ခဲ့ပါပြီ” ဟု ဆန်ဒိုရာဂိုဒီမီဘာက ပြောကြားခဲ့သည်။

“ကျနော်တို့ ရှေ့ဆက်ရမယ့်တာဝန်တွေက ကြီးမားပါတယ်။ ကံကောင်းထောက်မစွာနဲ့ အောင်မြင်ဖို့ ဒီတာဝန် တွေကို ကျနော်တို့တင်ကမဘဲ အားလုံးက လုပ်ဆောင်ရမှာပါ။ တစ်ဦးချင်းနဲ့ စုပေါင်းကြိုးစားမှုတွေကနေ ကျနော် တို့က ကျိန်းသေပေါက် အနစ်နာခံရမှာလည်း ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ECOWAS ဟုခေါ်သည့် အနောက်အာဖရိကဒေသတွင်းစီးပွားရေးအစုအဖွဲ့က ဘာကီနာဖာဆို စစ်အာဏာသိမ်းမှုကို ရှုတ်ချခဲ့ပြီး စစ်တပ်၏ပုန်ကန်သည့်လုပ်ရပ်အဖြစ် ဇန်နဝါရီလ ၂၈ ရက် (ယနေ့) တွင် ထိပ်သီးအစည်းအဝေး ခေါ်ယူ၍ ဆွေးနွေးကြကြောင်း အေပီက သတင်းဆက်လက်ဖော်ပြသည်။

ဘာကီနာဖာဆို နောက်ကြောင်းပြန်မလှည့်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို အာဏာသိမ်းစစ်ခေါင်းဆောင် ဆန်ဒိုရာဂိုဒီမီဘာက ဇန်နဝါရီ ၂၇ ရက်တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။

 

Source: AP