CNI News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၁
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်နှင့် ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့် လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီတို့ နှစ်ဦးအား စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးက သေဒဏ်အမိန့်ချလိုက်ကြောင်း ယနေ့ (ဇန်နဝါရီ ၂၁ ရက်) နစက-က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀(ည)တို့ဖြင့် ဇန်နဝါရီ ၂၁ ရက် တွင် ကိုဖြိုးဇေယျာသော်နှင့် ကိုဂျင်မီတို့ နှစ်ဦးအား သေဒဏ် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။