CNI News

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီတွင် ဥက္ကဋ္ဌ အဖြစ် ဦးစိုးဝင်းနှင့် အတွင်းရေးမှူးအဖြစ် ဦးမောင်မောင်အေးတို့ အား ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန် လိုက်သည်။

ထို့ပြင် ကောင်စီဝင်များအဖြစ် ဦးသန်းဆွေ၊ ဦးကိုကိုလှိုင်၊ ဦးမိုးအောင်၊ ဒေါက်တာ ရင်ရင်နွယ်၊ ဒေါ်ချိုချိုကျော် ငြိမ်း၊ ဦးကိုကိုကြီး၊ မန်းငြိမ်း မောင်၊ ဒေါ်ဒွဲဘူ၊ ဦးဇော်အေးမောင် တို့ကိုလည်း ခန့်အပ်ထားသည်။