CNI News

၂၀၂၂ ဇန်နဝါရီ ၃

ရန်ကုန်တိုင်း ဒေသကြီး မရမ်ကုန်းမြို့နယ် ကမ္ဘာအေးဘုရားဝင်းရှေ့တွင် ယနေ့ (ဇန်နဝါရီ ၃) ည ၇နာရီအချိန်တွင် အသက် ၄၀ ကျော် အဘွားတစ်ဦး ကားတိုက်ခံရသည်။

မျက်မြင်သက်သေတစ်ဦးက " ကျနော်တို့ရှေ့မှာ ဟိုက်ဂျက်တိုက်တာ ။ ကလေးက လွတ်သွားတယ်။ အဘွားကြီးပဲ အတိုက်ခံရတာ။ ခေါင်းမထိသွားတာ ကံကောင်းတယ်။ ခြေထောက်က မကောင်းနိုင်တော့ဘူး " ဟုပြောသည်။

ကားတိုက်ခံရသည့် အဘွားအိုကို ဆေးရုံကို ဝိုင်းဝန်းပို့ဆောင်ပေးကြပြီး တိုက်သွားသည့် ကားပိုင်ရှင်ကို သက်ဆိုင်ရာများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။