CNI News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၅

မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေးနှင့် တည်ငြိမ်ရေး၌ ထူးခြားသော တိုးတက်မှုများ ရှိလာပြီးဖြစ်၍ အမေရိကန်မှာ မြန်မာများအတွက် ယာယီအကာအကွယ်ပေးထားသည့် ခိုလှုံခွင့်(Temporary Protected Status-TPS)ကို ရပ်စဲ ကြောင်း အမေရိကန်ပြည်ထောင်စု အမိမြေလုံခြုံရေးဌာနက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်တွင် ထုတ်ပြန် ကြေ ညာခဲ့သည်။

အဆိုပါ ရပ်စဲမှုသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်တွင် စတင် အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆုံးဖြတ်လိုက်ခြင်းမှာ  အမေရိကန်နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုဌာန (USCIS) မှ မြန်မာနိုင်ငံ၏ အခြေအနေများကို ပြန်လည်သုံးသပ်ခြင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တိုင်ပင်ဆွေးနွေးခြင်း တို့အပေါ် အခြေခံထားကြောင်း အမေရိကန်အစိုးရက ပြောသည်။

မြန်မာနိုင်ငံ၏ အခြေအနေမှာ မြန်မာနိုင်ငံသားများ ဘေးကင်းစွာ နေရပ်သို့ ပြန်နိုင်လောက်အောင် တိုးတက်လာပြီ ဖြစ်သောကြောင့် ယာယီအကာအကွယ်ပေးထားသည့် အခြေအနေကို အမေရိကန်က ရပ်စဲလိုက်ခြင်းဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောသည်။

ထို့နောက် မြန်မာနိုင်ငံတွင် အုပ်ချုပ်ရေးနှင့် တည်ငြိမ်ရေး၌ ထူးခြားသော တိုးတက်မှုများ ရှိလာခဲ့သလို အရေးပေါ် အခြေအနေ ကြေညာထားမှုလည်း ရပ်စဲသွားပြီးဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ အတွက် စီမံချက်များလည်း လုပ်ဆောင်နေပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် အောင်မြင်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များနှင့် ပိုမိုကောင်းမွန်သော ဒေသန္တရအုပ် ချုပ်ရေးကြောင့် ပြည်သူ့ဝန်ဆောင်မှု ပေးအပ်ခြင်းနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ တိုးတက်လာကြောင်း အမေရိကန်အစိုးရက ပြောသည်။ 

မြန်မာနိုင်ငံကို TPS ရပ်စဲကြောင်း ထုတ်ပြန်ချက်ကို တွေ့ရစဉ် 

အဆိုပါ အခြေအနေများကြောင့် မြန်မာနိုင်ငံသားများ နေရပ်သို့ ဘေးကင်းစွာ ပြန်နိုင်သည့် အခြေအနေသို့ တိုးတက်လာပြီဟု အမေရိကန်အစိုးရက ထုတ်ပြန်ခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁)အနေဖြင့် မြို့နယ် ၁၀၂ မြို့နယ် မှာ ကျင်းပမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၂) အနေဖြင့် မြို့နယ် ၁၀၀ မြို့ နယ်၌ ကျင်းပမည်ဖြစ်သည်။

အလားတူ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ရွေးကောက်ပွဲ အပိုင်း(၃)ကို ဆက်လက် ကျင်းပမည်ဖြစ် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံအတွက် အပြောင်းအလဲ ဖြစ်စေမည်ဖြစ်ပြီး ပြည်သူလူထု အနေဖြင့် ဆန္ဒမဲပေးကြစေလိုကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်မည့်သူများနှင့် စီးပွားရေး တိုးတက်အောင် ဆောင်ရွက်ပေးမည့်သူများကို ရွေးချယ်ပေးစေလိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာ ယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ရွေးကောက်ပွဲ ကျင်းပပြီးပါက အနိုင်ရသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ပြီး တပ်မတော် သည် နိုင်ငံတော်ကာကွယ်ရေးကိုသာ ဆောင်ရွက်တော့မည်ဟုလည်း ၎င်းက ပြောသည်။