CNI International News

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၃

မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) သည် ယခုလအတွင်း ပြုလုပ်မည့် အာဆီယံ အစည်းအဝေးကို တက်ရောက်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)အား ဖိတ်ကြားခဲ့ခြင်း အားဖြင့် ထရမ့်နှင့် ဆက်ဆံရေးကို ထိန်းသိမ်းရန် ကြိုးပမ်းခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့ သည်။

မလေးရှားနိုင်ငံသည် အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌ နေရာ ရယူထားမှုနှင့်အတူ အဖွဲ့ဝင်နိုင်ငံများနှင့် အမေရိကန် ကြား ကုန်သွယ်ရေး ကိစ္စများကို တတ်နိုင်သမျှ အဆင်ပြေစေရန် ကြိုးပမ်းလိမ့်မည်ဟုလည်း လေ့လာစောင့်ကြည့် သူများက ပြောကြားခဲ့သည်။

မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် (Mahathir Mohamad) က ဂါဇာစစ်ပွဲတွင် ပါလက်စတိုင်း များကို တိုက်ခိုက်နေသည့် အစ္စရေး၏ လုပ်ဆောင်ချက်များအား အမေရိကန်က ထောက်ခံနေသဖြင့် အစည်း အဝေး တက်ရောက်မှု ဖိတ်ကြားချက်ကို ပြန်လည် ရုပ်သိမ်းရန် ပြောကြားခဲ့သည်။

မဟာသီယာသည် အန်ဝါ၏ ဆရာတစ်ဦးအဖြစ်မှ ပြိုင်ဘက်တစ်ဦးအဖြစ် ရောက်ရှိခဲ့သည့် ဝါရင့် နိုင်ငံရေးသမား တစ်ဦး ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ပြီးခဲ့သည့်လက ဆိုရှယ်မီဒီယာပေါ်တွင် တင်ခဲ့သည့် ဗွီဒီယို မက်ဆေ့ချ် တစ်ခုတွင် မဟာသီယာက အမေရိကန် သည် ပါလက်စတိုင်းများအား တိုက်ခိုက်နေသည့် အစ္စရေးကို ရန်ပုံငွေ၊ လက်နက်နှင့် စစ်ရေး အကူအညီများ ဆက်လက် ထောက်ပံ့ပေးနေကြောင်း ပြောကြားခဲ့သည်။

ပါလက်စတိုင်း ပြည်သူများအပေါ် အစ္စရေးက လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့် ရာဇဝတ်မှုများကို ထရမ့်က ပွင့်ပွင့်လင်းလင်း ထောက်ခံခဲ့ကြောင်း မဟာသီယာက ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံသည် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုထားသော်လည်း အန်ဝါကမူ ယခုလအတွင်း ကျင်းပမည့် အာဆီယံ အစည်းအဝေးသည် ဂါဇာတွင် ဖြစ်ပွားနေသည့် အခြေအနေနှင့် ပါလက်စတိုင်းများ၏ ဒုက္ခများကို ကမ္ဘာက ပိုမိုအာရုံစိုက်မိစေရန် လုပ်ဆောင်ရေးအတွက် အခွင့်အလမ်း တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ထို့ပြင် ပြီးခဲ့သည့်လက ကာတာတွင် ဟားမာ့စ် ခေါင်းဆောင်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုနှင့်ပတ်သက်ပြီးလည်း အစ္စရေးကို ဆန့်ကျင်သည့် မလေးရှား၏ သဘောထားအား ထပ်မံ ပြသသွားမည်ဟု အန်ဝါက ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်က ဟားမာ့စ်တို့၏ တိုက်ခိုက်မှုတွင် လူပေါင်း ၁၂၀၀ သေဆုံးပြီးနောက် ဖြစ်ပွားလာခဲ့သည့် ဂါဇာ စစ်ပွဲအတွင်း အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုကြောင့် ပါလက်စတိုင်း ၆၀,၀၀၀ ကျော် သေဆုံးကာ သန်းနှင့်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

Source: South China Morning Post