CNI News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၉

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ ၁၁ လက်အောက်ခံ တပ်ရင်း ၁၂ နေရာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်နေ့ ညပိုင်းတွင် လေကြောင်း တိုက်ခိုက်ခံရခြင်းဖြစ်ပြီး သေဆုံးသူ ၁၇ ဦး ရှိလာပြီး ၁၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

သေဆုံးရုပ်အလောင်းတွေကို တွေ့ရစဉ် (KNG)

အဆိုပါ တပ်ရင်း ၁၂ နေရာတွင် KIA က စစ်သင်တန်းပေးရန်အတွက် ပြင်ဆင်နေစဉ်မှာ လေကြောင်း တိုက်ခိုက်ခံ ရခြင်းဖြစ်ကြောင်း KIA နှင့်နီးစပ်သူများက ပြောသည်။

လက်ရှိတွင် KIA သည် ဗန်းမောက်မြို့သိမ်း တိုက်ပွဲ ဆင်နွှဲနေသလို ဗန်းမော်မြို့ထိန်းချုပ်နိုင်ရေး တိုက်ပွဲကိုလည်း ဖော်ဆောင်နေသည်။