CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၄
မြန်မာနိုင်ငံတွင် ပြင်အား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားခဲ့ရသော ပြည်သူလူထုများ အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် Quad ကနေ အမေရိကန် ဒေါ်လာ သန်း ၂၀ ကူညီထောက်ပံ့ပေးသွားမည်ဟု ၂၀၂၅ ခုနှစ်၊ ဧပြီ ၄ ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။
Quad တွင် အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်၊ အိန္ဒိယ စသည့် လေးနိုင်ငံစုစည်း၍ ဖွဲ့စည်းထားသော မဟာမိတ် အဖွဲ့ဖြစ်သည်။
Quad ၏ ပူးတွဲထုတ်ပြန်ချက်တွင် “ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်းတွင် လှုပ်ခတ် ခဲ့သော ငလျင်အပြီး မြန်မာနှင့် ထိုင်းပြည်သူများအား အလေးအနက်ထား၍ ဝမ်းနည်းကြေကွဲမိပါသည်”ဟု ပြော ကြားထားသည်။
ထို့နောက် မိမိတို့ Quad အဖွဲ့က အမေရိကန်ဒေါ်လာ သန်း ၂၀ ကို လူသားချင်းစာနာထောက်ထားမှု အကူအညီ အဖြစ် ပေးအပ်ရန် ကတိပြုပါသည်ဟု ထုတ်ပြန်ခဲ့သည်။
Quad မြန်မာငလျင်ဘေး ထောက်ပံ့မည့် ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
အဆိုပါ ထောက်ပံ့ငွေ မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသော လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်နိုင်ငံများကနေ တဆင့် ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း Quad အဖွဲ့က ထုတ်ပြန်ခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် Quad အဖွဲ့ဝင် အိန္ဒိယနိုင်ငံက ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် အဖွဲ့များနှင့် ပိတ်မိ နေသော ပြည်သူများ ကယ်ဆယ်ရေးလုပ်ပေးမည့်အဖွဲ့များကို စေလွှတ်၍ မြန်မာငလျင်ဘေးကို ထောက်ပံ့ကူညီ လျက်ရှိသည်။
အလားတူ အိန္ဒိယနိုင်ငံသည် မြန်မာငလျင်ဘေးသင့် ပြည်သူများအတွက် ဆေးဝါးများ၊ စားနပ်ရိက္ခာများ၊ တစ်ကိုယ် ရည်သုံး ပစ္စည်းများ၊ ရွက်ဖျင်တဲများကိုလည်း ထောက်ပံ့လှူဒါန်းပေးလျက်ရှိသည်။
တခြားသော နိုင်ငံများဖြစ်သည့် ရုရှား၊ ဂျပန်၊ တရုတ်၊ ထိုင်း၊ ဘူတန်၊ လာအို၊ ဗီယက်နမ်၊ စင်္ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ ဟောင် ကောင် တို့ကလည်း ကူညီကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်၍ ပိတ်မိနေသူများ ကယ်ထုတ်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးအပ်လျက်ရှိသည်။