CNI International News

၂၀၂၅ ခုနှစ်၊ မတ်လ ၂၆

အတိုက်အခံ ပြည်သူ့ပါတီ(PP)က တင်သွင်းသည့် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်အား အယုံအကြည်မရှိအဆိုကို ထိုင်းလွှတ်တော်မှာ မတ်လ ၂၆ ရက်နေ့ နံနက်က မဲခွဲဆုံးဖြတ်ရာမှာ ပေတုန်တန်က အနိုင်ရသွားခဲ့သည်ဟု The Reporters  က ဖော်ပြခဲ့သည်။

အဆိုပါ မဲခွဲဆုံးဖြတ်မှုတွင် ပေတုန်တန်အား ထောက်ခံမဲ ၃၁၉ မဲ၊ ကန့်ကွက်မဲ ၁၆၂ မဲ၊ ကြားနေမဲ ၇ မဲ စသဖြင့် မဲခွဲမှု ရလဒ်ဖြင့် ထိုင်းဝန်ကြီးချုပ်က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် ပေတုန်တန်သည် ထိုင်းဝန်ကြီးချုပ်အဖြစ် ဆက်လက် တည်ရှိနေမည်ဖြစ်သည်။