CNI International News

ဆိုးလ်၊ မတ်လ ၈

တောင်ကိုရီးယားတရားရုံးက စွပ်စွဲပြစ်တင်ခံထားရသည့် သမ္မတယွန်းဆော့ရွဲ(Yoon Suk-yeol) အား ထုတ်ထား သော ဖမ်းဝရမ်းကို မတ်လ ၇ ရက်က ပယ်ဖျက်ပေးခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

သို့သော် တရားရုံး၏ ဆုံးဖြတ်ချက်ကို အစိုးရရှေ့နေများက အစီရင်ခံဖွယ် ရှိနေသဖြင့် ယွန်းသည် ဆက်လက်ပြီး ထိန်းသိမ်းခံထားရဦးမည် ဖြစ်သည်။

ယွန်း၏ ရှေ့နေများသည် ယွန်းအား ထုတ်ထားသည့် ဖမ်းဝရမ်းကို ပယ်ဖျက်ပေးရန် ပြီးခဲ့သည့်လက တရားရုံးကို လျှောက်ထားခဲ့ပြီး တရားစီရင်ရေးကာလသည် အလွန်ကြာမြင့်နိုင်သဖြင့် ယွန်းအား ထိန်းသိမ်းထားမှုသည် တရား မဝင်ကြောင်း စောဒကတက်ခဲ့သည်။

ယွန်းအား ထိန်းသိမ်းထားသည့်ကာလ သက်တမ်းကုန်သွားပြီးနောက် အစိုးရရှေ့နေများက တရားစွဲဆိုမှုကို တင်ခဲ့ခြင်းဖြစ်သည်ဟု ကောက်ချက်ချရန် ကျိုးကြောင်းသင့်လျှော်ကြောင်း ဆိုးလ်ဗဟိုခရိုင်တရားရုံးက ပြောကြားခဲ့သည်။

တောင်ကိုရီးယားသမ္မတကို ကန့်ကွက်နေကြစဉ်

စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်၏ တရားဝင်မှုနှင် စပ်လျဉ်းပြီး ကျင့်ထုံးဆိုင်ရာ ရှင်းလင်းပြတ်သားမှုကို စိတ်ချာ သေချာမှုရှိစေရန်နှင့် သံသယများ ကင်းရှင်းစေရန် ယွန်းအား ထိန်းသိမ်းထားမှုကို ဖျက်သိမ်းရန် ဆုံးဖြတ်ချက်ချ ခြင်းသည် လျှော်ကန်သင့်မြတ်ကြောင်း တရားရုံးက ထုတ်ပြန်ခဲ့သည်။

ယွန်းအား ထိန်းသိမ်းသည့် ကာလသည် ဇန်နဝါရီ ၂၆ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၇ မိနစ်တွင် သက်တမ်း ကုန်သွားခဲ့ပြီး အစိုးရရှေ့နေများကမူ တရားစွဲဆိုမှုကို သက်တမ်းကုန်ဆုံးပြီးနောက် ၉ နာရီကျော်ကြာမှ တင်သွင်းခဲ့ ခြင်းဖြစ်သည်ဟု တရားရုံးက ပြောသည်။

ထို့ကြောင့် ယွန်းအား တရားဝင် ဖမ်းဆီးခြင်းမပြုမီ ထိန်းသိမ်းထားခြင်းသည် ယွန်း၏ ပုန်ကန်မှု စွဲချက်များကို စုံစမ်းစစ်ဆေးရန် တရားဝင်သည့် အခွင့်အရေးမရှိကြောင်း တရားရုံးက ပြောကြားခဲ့သည်။
တရားရုံးက ယွန်းအား ထိန်းသိမ်းမှုကို ဖျက်သိမ်းခဲ့သော်လည်း ယွန်းသည် ချက်ချင်း ပြန်လွတ်လာမည် မဟုတ်ပေ။

တရားရုံး၏ ဆုံးဖြတ်ချက်ကို အစိုးရရှေ့နေများက အယူခံမဝင်ခြင်း သို့မဟုတ် အယူခံဝင်ခွင့် သတ်မှတ်ကာလ ကုန်ဆုံးသည့် အချိန်မှသာ ယွန်းသည် ပြန်လည်လွတ်မြောက် လာလိမ့်မည်ဟု ယွန်း၏ရှေ့နေများက ပြောကြားခဲ့ သည်။

Source: South China Morning Post