CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုဝန်ကြီး မစ္စတာလျှိုကျုံးရီသည် ကျားဖြန့်နှိမ်နင်းရေးအတွက် မြဝတီမြို့သို့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှတဆင့် မြန်မာနိုင်ငံ၊ မြဝတီမြို့သို့ ရောက်ရှိလာခြင်းဖြစ်ပြီး မြဝတီမြို့မှာ ရှိနေသည့် ကျားဖြန့်ဂိုဏ်းများထံမှ ကယ်ထုတ်ထားသူများကို တွေ့ဆုံခဲ့ကြောင်း ထိုင်းသတင်းဌာန The Reporter သတင်းဌာနက ဖော်ပြခဲ့သည်။
မြန်မာ-ထိုင်းနယ်စပ်ရှိ ရွှေကုက္ကိုလ်နှင့်မြဝတီမြို့များမှ ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းရန် အပါအဝင် လူကုန်ကူး ခံထားရသူများ ကယ်ထုတ်နိုင်ရေးအတွက် ထိုင်း-တရုတ်-မြန်မာ သုံးနိုင်ငံ အစည်းအဝေးကို ဖေဖော်ဝါရီ ၁၇ ရက်တွင် ကျင်းပမည်ဖြစ်သည်။
ထို့နောက် ဒုဝန်ကြီး မစ္စတာလျှိုကျုံးရီသည် နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့ကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ဆုံ၍ ကျားဖြန့်နှိမ်နင်းရေး အစီအစဉ်များကို ဆွေးနွေးခဲ့သည်။