CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၁

ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ကို ဖမ်းဆီးရမိကြောင်း အာရက္ခတပ်တော်(AA)က ဒီဇင်ဘာ ၂၀ ရက် ညပိုင်းက ထုတ်ပြန်ခဲ့သည်။

အလားတူ အမ်းမြို့နယ် တစ်ခုလုံးနှင့် အမ်းမြို့အခြေစိုက် နပခတိုင်းစစ်ဌာနချုပ်ကိုလည်း အလုံးစုံ ထိန်းချုပ် လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုကြောင့် AA သည် အမ်းမြို့နယ်ကို ထိန်းချုပ်လိုက်ပြီဖြစ်၍ ရခိုင်ပြည်နယ်အတွင်းမှာ စုစုပေါင်း ၁၄ မြို့ကို ထိန်းချုပ်ထားပြီဟု မှတ်ယူ၍ ရမည်ဖြစ်သည်။

ယခင် AA သိမ်းပိုက်ထားသော (၁၃) မြို့မှာ ပလက်ဝမြို့၊ ပေါက်တောမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရမ်းဗြဲမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့၊ သံတွဲမြို့၊ တောင်ကုတ်မြို့ နှင့် မောင်တောမြို့တို့ ဖြစ်ကြသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွင် မြန်မာ့တပ်မတော်ဘက်မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူ ၃ ဦးအထိ ဖမ်းဆီးခံထားရ ကြောင်း သိရသည်။