CNI News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၆
မြန်မာနိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းရှိ ဌာနဆိုင်ရာရုံး ၅၆၅ ရုံး ပျက်စီးဆုံးရှုံးခဲ့ ကြောင်း နစက-က ယနေ့(နိုဝင်ဘာ ၂၆ ရက်)တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် အကြောင်းမဲ့ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်း စသည့် လုပ်ဆောင်မှုများ ကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ ဌာနဆိုင်ရာရုံး ၅၆၅ ရုံးတို့ ပျက်စီးဆုံးရှုံး ခဲ့ကြောင်း ဖော်ပြထားသည်။
ထိုပျက်စီးဆုံးရှုံးခဲ့သော ဌာနဆိုင်ရာရုံးများမှာ နေပြည်တော်တွင် ၁၃ ရုံး၊ ကချင်ပြည်နယ်တွင် ၁၈ ရုံး၊ ကယား ပြည်နယ်တွင် ၁၀ ရုံး၊ ကရင်ပြည်နယ်တွင် ၁၃ ရုံး၊ ချင်းပြည်နယ်တွင် ၁၁ ရုံး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၆၈ ရုံး၊ တနင်္သာရီတိုင်းဒေသကြီး တွင် ၁၂ ရုံး၊ ပဲခူးတိုင်းဒေသကြီးတွင် ၃၁ ရုံး၊ မကွေးတိုင်ဒေသကြီးတွင် ၄၄ ရုံး၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၁၈ ရုံး၊ မွန်ပြည် နယ်တွင် ၃၀ ရုံး၊ ရခိုင်ပြည်နယ်တွင် ၁ ရုံး၊ ရန်ကုန်တိုင်းဒေသ ကြီးတွင် ၁၅၈ ရုံး၊ ရှမ်းပြည်နယ်တွင် ၂၄ ရုံး၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ၁၄ ရုံး စုစုပေါင်း ၅၆၅ ရုံး ဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။