CNI News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၄

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နစကအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဖမ်းဆီးချုပ်နှောင်ပြီး အာဏာသိမ်းဆိုသော သတင်းသည် လုပ်ကြံသတင်းဖြစ်သည်ဟု နစကသတင်းထုတ်ပြန် ရေးအဖွဲ့က သြဂုတ် ၁၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

သြဂုတ် ၁၃ ရက်နေ့ ညပိုင်းက ဝီလပ်ဇင်ယော်ဆိုသော ဖေ့စ်ဘွတ်ခ်အကောင့်ကနေ အောင်လင်းဒွေး(DSA 27) မှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (မူရင်း-မအလ) အားထိန်းသိမ်းဆိုပြီး ရေးသားဖြန့်ဝေခဲ့သည်။

နစက-က “ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် ကောလာဟလ များကို အကောင့်တုများ၊ ပြည်ဖျက်မီဒီယာများနှင့်ပေါင်းကာ ဝါဒဖြန့်ထုတ်လွှင့်ခြင်းသာဖြစ်ပါသည်။ လက်ရှိ လူမှု ကွန်ရက်ပေါ်တွင် ထွက်ပေါ်နေသည့် သတင်းများနှင့်ပတ်သက်၍ Captain Seagull Facebook အကောင့်က စပြီး သြဂုတ် ၁၂ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်ကတည်းက စတင်ဖြန့်ဝေခဲ့တာ တွေ့ရပါတယ်။ အဲဒီကနေတစ် ဆင့် ပြည်တွင်း/ပြည်ပ လောက်ကောင်များရဲ့ Facebook အကောင့်အတုတွေအပြင် ပြည်ဖျက်မီဒီယာအချို့က နေ ပြည်သူလူထုစိုးရိမ်မှုရှိအောင် အင်တိုက်အားတိုက် ဖြန့်ဝေခဲ့ကြပါတယ်။ နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိ သူများအနေဖြင့် နိုင်ငံ့တာဝန်များကို တက်ညီလက်ညီ ကျေပွန်စွာထမ်းဆောင်လျက်ရှိပါကြောင်း အသိပေးပြော ကြားလိုပါတယ်” ဟု ထုတ်ပြန် ပြောကြားခဲ့သည်။

အဆိုပါ အာဏာသိမ်းမှု သတင်းအမှားများကြောင့် ရွှေဈေး ၁ သိန်းကျော် တက်သွားသည်။ 

ထို့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ မြန်မာနိုင်ငံသို့ သြဂုတ် ၁၄ ရက်နေ့ ရောက်ရှိပြီး နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံမည့် ခရီးစဉ်နှင့်လည်း တိုက်ဆိုင်နေသည်။