CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၈

အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) တည်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ကိုးကန့် (MNDAA)နှင့် မဟာမိတ်အဖွဲ့က တိုက်ခိုက်နေခြင်းကြောင့် ဒေသအတွင်းနေ ပြည်သူလူထုသည် တခြားသော ဒေသများသို့ ထွက်ရှောင်ရန် အသီးသီး ထွက်ခွာနေကြသည်။

ထို့နောက် တိုက်ပွဲရှောင်ရန် ထွက်ခွာကြသည့် လားရှိုးမြို့နေ ပြည်သူလူထုများသည် ယနေ့ (ဇူလိုင် ၈ ရက်) နံနက်ပိုင်းက လားရှိုးမြို့ အဆင်း-အတက်မှာ ကားတန်းကြီးအဖြစ် ပိတ်မိနေကြောင်း တွေ့ရသည်။