CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် အိန္ဒိယတပ်မတော်မှ တွဲဖက်ထောက်လှမ်း ရေးညွှန်ကြားရေးမှူးချုပ် Major General Charanjeet Singh Dewgun, YSM, ADG MI(A) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ဇွန်လ ၁၃ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အလားတူ ဇွန်လ ၁၂ ရက်နေ့ကလည်း တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် အိန္ဒိယတပ်မတော် တွဲဖက်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ်တို့ နှစ်နိုင်ငံနယ်စပ် ဒေသတည်ငြိမ်အေးချမ်း ရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ဖြင့် ကီလိုမီတာ ၁၀၀၀ ကျော် နယ်နိမိတ်ထိစပ်လျက် ရှိပြီး နှစ်နိုင်ငံနယ်စပ်တစ် လျှောက်မှာ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလျက်ရှိနေ သည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး နှင့် အိန္ဒိယတပ်မတော် တွဲဖက်ထောက်လှမ်းရေးညွှန်ကြားရေးမှူးတို့တွေ့ဆုံဆွေးနွေးနေစဉ်

 

အဆိုပါ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် နယ်စပ်ဒေသ ကုန်သွယ်ရေးများ ပြန်လည် ဆောင်ရွက်နိုင် ရေး အိန္ဒိယဘက်က လိုလာလျက်ရှိနေသည်။

ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးသည် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စသည့် စစ်တိုင်း ၃ တိုင်းကို ကွပ်ကဲရသည့် ကစထ-၁ မှူး တာဝန်ကို ယူထားသူဖြစ်သည်။

အဆိုပါ ကစထ-၁ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ် တို့ကို တည်ငြိမ်အေးချမ်းအောင် ကွပ်ကဲရခြင်းဖြစ်သည်။