CNI International News
ဒါကာ၊ နိုဝင်ဘာ ၁၁
ယခုလအတွင်း မဲဆွယ်စည်းရုံးရေးကာလ၌ ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုများကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံးပြီး ရာနှင့်ချီ၍ ဒဏ်ရာရခဲ့သည်။ ဇန်နဝါရီလကတည်းက ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲနှင့် ဆက်စပ်သည့် အကြမ်းဖက်မှုများတွင်လည်း လူ ၈၅ ဦးသေဆုံးပြီး ၆,၀၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ဒါကာအခြေစိုက် လူ အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် အိန်အိုစလစ်ရှ်ကန်ဒရာ က ပြောသည်။