CNI News
၂၀၂၄ ခုနှစ်၊ မေလ ၂၇

နစကဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးအား တာဝန်မှ အနားယူခွင့်ပြုလိုက်သည်ဟု နစက-က ၂၀၂၄ ခုနှစ်၊ မေလ ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် စီမံကိန်းနှင့်ဘဏ္ဍရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကိုလည်း တာဝန်မှ အနားပေး လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဦးအောင်နိုင်ဦးသည် နစက လက်ထက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၉ ရက်နေ့အထိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၉ ရက်မှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့အထိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် လည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့အထိ ပြည်ထောင်စုအစိုး ရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ဝန်ကြီးအဖြစ်လည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ မေလ ၂၇ ရက်နေ့အထိ နစကဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃)ဝန်ကြီးအဖြစ်လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

နစကသည် မည်သည့် အကြောင်းကိစ္စရပ်ကြောင့် အနားပေးလိုက်သည်ကိုတော့ ထုတ်ပြန်ဖော်ပြခဲ့ခြင်း မရှိပေ။