CNI News

၂၀၂၄ ခုနှစ်၊ မတ်လ ၂၀

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် နေထိုင်ကြသော မွတ်ဆလင်များသည် ရက္ခိုင့်တပ်တော်(AA) အလိုမ ရှိကြောင်း ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က ဆန္ဒပြကန့်ကွက်ခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နှင့် AA ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေ သည်။

ထို့နောက် AA က ရသေ့တောင်၊ ပုဏ္ဏကျွန်း၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ရမ်းဗြဲ မြို့နယ်များကို သိမ်းပိုက်ထားပြီး ဘူးသီးတောင်နှင့်မောင်တောမြို့နယ်များကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိ သည်။

AA ကို ဘူးသီးတောင်မြို့နယ်မှာ မွတ်ဆလင်များ ဆန္ဒပြ ကန့်ကွက်နေကြစဉ်

တခြားတစ်ဖက်မှာလည်း မြန်မာ့တပ်မတော်သည် ရခိုင်ပြည်နယ်အတွင်းရှိ မွတ်ဆလင်များကို ပြည်သူ့စစ်မှုထမ်း ဥပဒေ ပြဋ္ဌာန်းပြီးနောက် စစ်သင်တန်းများ ပေးအပ်လျက်ရှိကြောင်း ရုပ်သံဖိုင်များ ထွက်ပေါ်လျက်ရှိနေသည်။

ရခိုင်ပြည်နယ်သည် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားလေ့ရှိပြီး မွတ်ဆလင် ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ထွက်ပြေးခိုလှုံနေရသည်များလည်း ရှိနေသည်။