CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌ ဦးသိန်းစိုးကို ရာထူးကနေ အနားပေးလိုက်ပြီး ဦးကိုကိုအား အစားထိုး ခန့်အပ် တာဝန်ပေးလိုက်ကြောင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် နစက-က သတင်းထုတ်ပြန် ကြေညာခဲ့သည်။

ဦးသိန်းစိုးသည် UEC ဥက္ကဋ္ဌအဖြစ် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့အထိ တာဝန်ယူခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံရေးပါတီများကို ပြန်လည်၍ ပါတီမှတ်ပုံတင်ခိုင်းခဲ့သည်။

အဆိုပါ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပါဝင်သည့် နိုင်ငံတစ်ဝန်း ယှဉ်ပြိုင်မည့် ပါတီမှာ ရုံးပေါင်း ၁၆၅ ရုံးနှင့် ပါတီဝင် အင်အား ၁၀၀,၀၀၀ ရှိရမည်ဟု သတ်မှတ်ချက်အပေါ် ဝေဖန်မှုများ ခံခဲ့ရသည်။