ပရက်ဂ် အောက်တိုဘာ ၁၀

ချက်သမ္မတနိုင်ငံ၊ ပါလီမန်ရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် အန်ဒရက်ဂျ်ဘာဘစ်၏ ဗဟိုပါတီက ရှုံးနိမ့်ခဲ့ပြီး ရာထူးကနေ အနားယူရတော့မည်ဖြစ်ကြောင်း အေပီသတင်းက ရေး သားဖော်ပြထားသည်။

ထိုရှုံးနိမ့်မှုကြောင့် ပြည်တွင်း၌ လူကြိုက်များသော သန်းကြွယ်သူဌေးများ အာဏာကုန်ဆုံးစေလျက် အံ့အားသင့်ဖွယ် တိုးတက်မှုတစ်ခုဟု ဆိုနိုင်ကြောင်း အေပီသတင်းက ဆိုထား သည်။

ချက်သမ္မတနိုင်ငံတွင် အေက်လွှတ်တော်အတွက် အမတ်နေရာ ၂၀၀ အတွက် ယှဉ်ပြိုင်ရွေးချယ်သည့် နှစ်ရက်ကြာ ရွေးကောက်ပွဲ သည် ပန်ဒိုရာစာရွက်စာတမ်း (Pandora Papers) ပေါက်ကြားမှုဖြစ်ပွားပြီး မကြာမီ ကျင်းပခဲ့ခြင်း ဖြစ်သည်။

မဲအားလုံးရေတွက်ပြီးချိန်တွင် လစ်ဘရယ်-ကွန်ဆာဗေးတစ် သုံးပါတီညွန့်ပေါင်းအဖွဲ့က မဲစုစုပေါင်း၏ ၂၇ ဒသမ ၈ ရာခိုင် နှုန်း အနိုင်ခဲ့ရသွားခဲ့ပြီး ဘာဘစ်၏ ANO(Yes) ပါတီက ၂၇ ဒသမ ၁ ရာခိုင်နှုန်း ရရှိခဲ့သည်။ လူထုဆန္ဒ၏ ဒုတိယ အကြိမ် ရိုက်ခတ်မှုအနေဖြင့် Pirate ပါတီနှင့် မြို့တော်ဝန်တစ်စုတို့ ညွန့်ပေါင်းဖွဲ့ထားသော အခြား ဗဟိုလက်ဝဲနှင့် လစ်ဘရယ်ပါတီ အဖွဲ့က မဲရာခိုင်နှုန်း ၁၅ ဒသမ ၆ ဖြင့် တတိယနေရာ ရရှိခဲ့ကြောင်း ချက်ဗဟိုစာရင်းအင်းရုံးက သတင်းထုတ်ပြန်သည်။

“ဒီမိုကရက်တစ် ညွန့်ပေါင်းအဖွဲ့ နှစ်ဖွဲ့ဟာ အများစု နိုင်လိုက်တဲ့အတွက် ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ အခွင့်အလမ်းရှိနေပြီ” ဟု Together ပါတီခေါင်းဆောင်နှင့် ဝန်ကြီးချုပ်လောင်း အမည်စာရင်း တင်သွင်းထားသူ ပက်ဖီယာလာ (Petr Fiala) က ပြော သည်။

အောင်ပွဲခံခဲ့သော ညွန့်ပေါင်းအဖွဲ့သည် အမတ်နေရာ ၇၁ နေရာ အနိုင်ရခဲ့ပြီး ၎င်း၏မိတ်ဖက်က ၃၇ နေရာရှိသွားခဲ့၍ နေရာ အများစုအဖြစ် အမတ်နေရာ ၁၀၈ အထိ ပိုင်ဆိုင်သွားပြီဖြစ်သည်။ လက်ရှိဝန်ကြီးချုပ် ဘာဘစ်၏ပါတီသည် ၂၀၁၇ ရွေးကောက်ပွဲတုန်းက အမတ်နေရာ ၇၂ နေရာ အနိုင်ရခဲ့ပြီး အမတ်နေရာ ၆ နေရာသာ လစ်ဟာခဲ့သည်။