CNI International News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅

မေလ ၁၄ ရက်နေ့က ကျင်းပခဲ့သော ထိုင်းအထွေထွေရွေးကောက်ပွဲတွင် မဲအများဆုံး အနိုင်ရရှိခဲ့ပြီး အစိုးရသစ် ကို ဦးဆောင် ဖွဲ့စည်းရန်နှင့် ဝန်ကြီးချုပ်ရာထူး တာဝန်ထမ်းဆောင်ရန် Move Forward Party ခေါင်းဆောင် ပီတာလင်ဂျာရိုရန်ရတ် (Pita Limjaroenrat) အနေဖြင့် ကြိုးပမ်းလျက်ရှိသည်။

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အမတ် ၃၇၆ ဦး ရှိမှ အစိုးရဖွဲ့နိုင်မည်ဖြစ်ရာ MFP ပါတီ သည် ရွေးကောက်ပွဲတွင် ၁၅၂ ဦးသာ အနိုင်ရရှိ၍ တခြားသော ပါတီ ၇ ပါတီနှင့် မဟာမိတ်ဖွဲ့ကာ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းရေး ကြိုးပမ်းနေသည့်တိုင် လိုအပ်သော ထောက်ခံမဲ အရေအတွက် မရသေးဘဲ ဖြစ်နေသည်။

ထိုသို့ ဖြစ်နေစဉ်မှာပဲ iTV ရှယ်ယာပိုင်ဆိုင်မှုဖြင့် စွပ်စွဲခံရပြီး ရွေးကောက်ပွဲကော်မရှင်(EC)သို့ တိုင်ကြားခံထားရ သည်။

ထို့ကြောင့် ပီတာသည် ဝန်ကြီးချုပ်ဖြစ်ရေးနှင့် အစိုးရသစ်ဖွဲ့စည်းနိုင်ရေး အဟန့်အတားများဖြင့် ရင်ဆိုင်နေရ သည်။

အဆိုပါ အခြေအနေများဖြင့် ရင်ဆိုင်နေရချိန်မှာပဲ ပီတာ ဦးဆောင်သည့် MFP ပါတီဝင်များသည် ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသများဖြစ်သည့် ချင်းမိုင်၊ လန်ပန်၊ လမ်ပွန်းမြို့များသို့ သွားရောက်၍ ထောက်ခံသူများကို တွေ့ဆုံ ကာ စည်းရုံးရေးဆင်းနေသည်။