CNI International News

ဒူဘိုင်း၊ မေလ ၃၀

သက်ဆင်သည် အစိုးရအဖွဲ့အတွင်းရှိ ပါတီဟောင်းများနှင့် ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းကာ ဖြူးထိုင်း (Pheu Thai) ပါတီအတွက် လျှို့ဝှက် သဘောတူညီချက်တစ်ခု ရယူခဲ့သည်ဆိုသော ဖော်ကောင် (whistleblower) ချုဗစ် ကာမိုဗီဆစ် (Chuvit Kamolvisit) ၏ စွပ်စွဲချက်အပေါ် အံ့သြမိသည်ဟု ပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra)က ပြောသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ချုဗစ်က ထိုစွပ်စွဲချက်ကို လူမှုကွန်ယက်တွင် တင်ခဲ့ပြီးနောက်တစ်နေ့ မေလ ၂၈ ရက်နေ့တွင် ဖြူးထိုင်းပါတီသည် ညွန့်ပေါင်းအသစ် ဖွဲ့မည်ဆိုခြင်းကို သက်ဆင်က တွစ်တာ၌ ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့သည်။

ညွန့်ပေါင်းဖွဲ့စည်းရေး ဆွေးနွေးပွဲတွင် Pheu Thai ၊ Bhumjaithai ၊ Palang Pracharath၊ Democrat နှင့် Chart thai pattana ပါတီတို့အကြား လျှို့ဝှက် သဘောတူညီချက် ရရှိခဲ့သည်ဟု ချူဗစ်က ပြောသည်။

ဖြူးထိုင်းပါတီသည် Move Forward၊ တခြားသော ပါတီသေး ခြောက်ခုနှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး မတူညီ မှုများကို ဖြေရှင်းနေစဉ် လျှို့ဝှက် သဘောတူညီချက်ကို ရရှိခဲ့ခြင်းဖြစ်သည်။

ဖြူးထိုင်းပါတီသည် Move Forward နှင့် လမ်းခွဲကာ တစ်ခြားဘက်သို့ ပူးပေါင်းလိမ့်မည်ဟု ချူဗစ်က လူမှု ကွန်ယက်တွင် ရေးသားခဲ့သည်။

 

 ချူဗစ်ကိုတွေ့ရစဉ်

ချူဗစ်၏ အဆိုအရ ဖြူးထိုင်းပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့သည် လွှတ်တော်အတွင်း နေရာပေါင်း ၃၇၆ နေရာအပြင် ဥပဒေအရ လိုအပ်သော လွှတ်တော်အမတ်များ၏ ထောက်ခံမှုကိုပါ ရရှိထားသည်ဟု သိရသည်။

လျှို့ဝှက် သဘောတူညီချက်တွင် သက်ဆင် ဒူဘိုင်းမှ ထိုင်းသို့ ပြန်လာနိုင်ရေး အခြေအနေများလည်း ပါဝင်နေ သည်။

ပါတီများအကြား ဆွေးနွေးပွဲများ အခြေအနေကို သက်ဆင်အား အကြောင်းကြားထားခဲ့ကာ ၎င်းသည် ထိုသတင်း ကို နားစွင့်ရန် စင်ကာပူသို့ ရောက်ရှိနေသည်ဟုလည်း ချူဗစ်က ပြောသည်။

ညွန့်ပေါင်းမဟာမိတ်ပါတီများကိုတွေ့ရစဉ်

၎င်း ဖွင့်ချမှု၏ သတင်းအရင်းအမြစ်ကိုလည်း ထုတ်ပြောခြင်း မရှိပေ။ Move Forward သည် အန္တရာယ်များသည့် အခြေအနေ တစ်ခုဖြစ်ကာ ပါတီခေါင်းဆောင် ပီတာ၏ ဝန်ကြီးချုပ်ဖြစ်ရေး အစီအစဉ်သည်လည်း အောင်မြင်မည် မဟုတ်ဟု သတင်းအရင်းမြစ်က ပြောကြောင်းလည်း ချူဗစ်က ဖွင့်ချခဲ့သည်။

ဖော်ကောင် ချူဗစ်၏ ရေးသားမှုနှင့် ပတ်သက်၍ သက်ဆင်က လျှို့ဝှက် သဘောတူညီချက်ဆိုသည့် ချူဗစ်၏ ဖွင့်ချမှုအပေါ် အံ့သြသင့်မိကြောင်း၊ ဖြူးထိုင်းပါတီ၏ ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းသည်ပင် ပီတာ၏ ဝန်ကြီးချုပ် ရာထူးအပေါ် ထောက်ခံသည်ဟု ထပ်ဖန် တလဲလဲ ပြောဆိုထားချိန်တွင် ယခုကဲ့သို့ စွပ်စွဲချက် ထွက် ပေါ်လာခြင်းဖြစ်ကြောင်း တွစ်တာတွင် ရေးသားခဲ့သည်။

၎င်း ကိုယ်၌သည်လည်း မည်သည့်ပါတီ၏ ကိုယ်စားလှယ်နှင့်မှ မတွေ့ဆုံခဲ့သလို၊ ဖုန်းပြောဆိုမှုလည်း မရှိကြောင်း၊ စွပ်စွဲမှုအတွက် ဇဝေဇဝါပင် ဖြစ်မိကြောင်းလည်း သက်ဆင်က ရေးသားထားသည်။

Source: ဘန်ကောက်ပို့စ်