ဝါရှင်တန်၊ အောက်တိုဘာ ၁

အာဖဂန်မှ ပြီးခဲ့သည့် ဩဂုတ်လ၌ အမေရိကန်တပ်များ အလုံးစုံပြန်ဆုတ်ခွာရေး ဦးတည်ရန်နှင့်တပ်ဖွဲ့ဝင်အင်အား ၂၅၀၀ ထားရှိရန် သမ္မတဘိုင်ဒန်က အကြံပြုခဲ့ကြောင်း အမေရိကန်ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦးက ပြောကြား ကြောင်း ဘီဘီစီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

အမေရိကန်စစ်တပ်မှ ဗိုလ်ချုပ်ကြီးမာ့ခ်မယ်လီနှင့် ဗိုလ်ချုပ်ကြီး ဖရန့်မက်ကန်ဇိုင်းတို့၏ ကွန်ဂရက်သို့ သက်သေခံ ပြောကြားချက်သည် သမ္မတဂျိုးဘိုင်ဒန်၏အာဘော်နှင့် ကွဲလွဲနေပုံရသည်။ လတ်တလောကာလ၌ ဘိုင်ဒန်က မည်သည့်အကြံပြုချက်ကိုမှ မမှတ်မိဟု ဆိုနေသည်။

အဆိုပါစစ်ဗိုလ်ချုပ်ကြီးနှစ်ယောက်ကို ဆီးနိတ်လွှတ်တော်ကော်မတီက ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် နှင့်အတူ စက်တင်ဘာ ၂၈ ရက်တွင် လွှတ်တော်အတွင်း မေးခွန်းထုတ်ခဲ့ရာ ၎င်းတို့က အထက်ပါအတိုင်း အသီးသီး ပြောကြားခဲ့ကြခြင်းဖြစ်သည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်များသည် တတိုင်းပြည်လုံးကို အလျင်အမြန် ချီတက်သိမ်းပိုက်ခဲ့ပြီးနောက် ဩဂုတ်လတွင် အာဏာယူနိုင်ခဲ့သည်။

အနောက်အုပ်စုကျောထောက်နောက်ခံပေးထားသော အစိုးရတစ်ရပ် ပြိုလဲမှုအရှိန်ပြင်းခဲ့ခြင်းအပေါ် အံ့အား သင့်မိကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီး မာ့ခ်မယ်လီက ပြောကြားခဲ့သည်။

ယခင်လက အင်အားကြီးနိုင်ငံများမှ နိုင်ငံသားများ အာဖဂန်မှ အိမ်ပြန်ရန် ကြိုးပမ်းခဲ့ကြစဉ် ထောင်နှင့်ချီသော အာဖဂန်လူမျိုးများ ၎င်းတို့ခိုလှုံခွင့်ကို နိုင်ငံခြားတိုင်းပြည်များထံ တောင်းခံခဲ့ကြသည့် ကဘူးလ်လေဆိပ် အရှုပ် အထွေးများ ပြန်လည်တည်ငြိမ်သွားပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ယခုလို ကာကွယ်ရေးဝန်ကြီးနှင့် စစ်ဗိုလ်ချုပ်ကြီးများကို မေးခွန်းထုတ်လာခဲ့ခြင်းလည်း ဖြစ်သည်။

အမေရိကန်တပ်များ ပြန်လည်ဆုတ်ခွာစဉ်အတွင်း စုစုပေါင်း သေဆုံးသူ ၁၈၂ ဦးရှိခဲ့ပြီး ဩဂုတ်လ ၂၆ ရက်တွင် ကဘူးလ်လေဆိပ်ပေါက်ကွဲမှုကြောင့် အမေရိကန်ဝန်ထမ်း ၁၃ ဦးနှင့် အာဖဂန်လူမျိုးအနည်းဆုံး ၁၆၉ ဦး သေဆုံးခဲ့ကြောင်း သတင်းများဖော်ပြပြီးဖြစ်သည်။

အဆိုပါကာလများအတွင်း သမ္မတဂျိုးဘိုင်ဒန်၏ပြောကြားချက်များသည် ရှေ့နောက်မညီဘဲ ကွဲလွဲနေခဲ့ကြောင်း ABC သတင်းဌာနမှ သတင်းထောက်တစ်ဦးက မှတ်ချက်ချခဲ့ပြီး သမ္မတအနေဖြင့် စစ်ဗိုလ်ချုပ်ကြီးများဖွင့်ချခဲ့သလို အကြံဉာဏ်မျိုး မပေးခဲ့မိကြောင်း ငြင်းဆိုနေသည်။

အာဖဂန်အရေး၌ သမ္မတ၏အကြံပြုချက်ကို မိမိသဘောတူခဲ့ကြောင်း လွှတ်တော်မေးခွန်းအပေါ် ဗိုလ်ချုပ်ကြီး မာ့ခ်မယ်လီက အတိအလင်း ပြန်လည်ဖြေကြားခဲ့သည်။ သို့သော် အလက်စကာပြည်နယ်မှ ရီဘက်ဗလင်ကန် အမတ် ဒန်စူလီဗန်က “မစ္စတာဘိုင်ဒန်၏မှတ်ချက်များသည် မှားယွင်းပြောဆိုမှု ဟုတ်/မဟုတ်” ဆက်လက် မေးမြန်းသည့်အခါ ဗိုလ်ချုပ်ကြီးက တိုက်ရိုက်အဖြေပေးရန် ငြင်းဆန်သွားခဲ့သည်။