CNI International News
၂၀၂၃ ခုနှစ်၊ မတ်လ ၁
ဂရိနိုင်ငံမှ ရထားနှစ်စင်း တိုက်မိ၍ အနည်းဆုံး ခရီးသည် ၃၂ ဦးသေဆုံးကာ လူဒါဇင်ချီ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မီးရထားတစ်စီးမှာ ကုန်စည်ပို့ဆောင်ရန် မောင်းနှင်ပြီး နောက်တစ်စီးမှာ ခရီးသည် ၃၅၀ ဦး တင်ဆောင်လာ သော ရထားဖြစ်ကြောင်း သိရသည်။
ထို့နောက် ညသန်းခေါင်ယံ အချိန်မှာ ရထားလမ်းချော်၍ နှစ်စင်း တိုက်မိခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
Source: AFP
 
	    	  	
	    	       
	    
	  	   
	 
		 
			 
			 
                        
