CNI International News

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၆

ရုရှားအပေါ် အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများက ရုရှားနှင့်အိန္ဒိယအကြား ပိုမိုနီးကပ်သော စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်စေခဲ့သည်ဟု အိန္ဒိယနိုင်ငံဆိုင်ရာ ရုရှားသံအမတ် ဒန်းနစ် အလီပေါ့ဗ် (Denins Alipov)က ပြောကြောင်း အာတီသတင်းတွင် ဖော်ပြထားသည်။

စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု စံချိန်တင် မြင့်တက်လာမှုနှင့် ပတ်သက်လျှင် ရုရှားနိုင်ငံအပေါ် ချမှတ်ထား သည့် ပိတ်ဆို့အရေးယူမှုများကို အသိအမှတ် ပြုရမည်ဖြစ်ကြောင်း၊ ထိုအရေးယူမှုများသည် ပြောင်းပြန် အကျိုး သက်ရောက်မှု ဖြစ်စေခဲ့ကာ နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေး အပြောင်းအလဲအတွက် အထောက်အကူ ဖြစ်စေခဲ့သည်ဟု အလီပေါ့ဗ်က အင်္ဂါနေ့တွင် Channel One သတင်းကို ပြောခဲ့သည်။

အိန္ဒိယနှင့် ယခုကဲ့သို့ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းသွားလိုကြောင်း ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

ဘိုင်ဒန်နဲ့မိုဒီကိုတွေ့ရစဉ်

ထို့နောက် စီးပွားရေးနှင့် ကုန်သွယ်ရေး ကဏ္ဍများတွင်လည်း ပွင့်လင်းမြင်သာသော၊ ကျယ်ပြန့်သော ဆက်ဆံရေး ကို ထူထောင်ထားနိုင်သည်ဟု ဒန်းနစ်အလီပေါ့ဗ်က ပြောသည်။

ရေနံဓာတုပစ္စည်းများ၊ ရထားလမ်းနှင့် အကြီးစား အင်ဂျင်နီယာပညာရပ်များ အပါအဝင် ဆောက်လုပ်ရေးကဏ္ဍ၌ နှစ်နိုင်ငံကြား အပြုသဘောဆောင်သော ရွေ့လျား ပြောင်းလဲမှုများကိုလည်း ရုရှားသံအမတ်က ချီးကျူးခဲ့သည်။

ထို့အပြင် သတ္တုတူးဖော်ရေး၊ စိုက်ပျိုးရေး၊ သတင်းအချက်အလက်၊ နည်းပညာကဏ္ဍတို့သည်လည်း နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာသည်ဆိုခြင်းအတွက် အကောင်းဆုံးဥပမာ ဖြစ်သည်ဟုလည်း အလီပေါ့ဗ် က ပြောသည်။

Source: အာတီ