အဆိုပါ အစည်းအဝေးတွင် မည်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသလဲ ဆို သည့်အပေါ် အားလုံးက စိတ်ဝင် စားစွာဖြင့် စောင့်ကြည့်၍ နားစွင့်နေကြပါ သည်။ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက “ မိမိ မေးခွန်းထုတ်လိုတာက ပြဿနာ ဖြေရှင်း ဆွေးနွေးမှာလား၊ ပိုမိုကြီးထွားရှုတ်ထွေးအောင် လုပ်မှာ လားဆိုတာ ခေါင်းဆောင်တွေ ကိုယ်တိုင် မေးခွန်း ထုတ်ကြပါ။ အမျိုးသားရေး တိုင်းပြည် အရေး အကြောင်းပြပြီး ငြိမ်းချမ်းမှုကို ဖျက်ဆီးသူတွေ မဖြစ်ဖို့လို တယ်လို့ မိမိအနေနဲ့ သတိပေးလိုပါတယ်”ဟု အစည်းအဝေးမှာ ဆွေးနွေးသွား သည်ဟု နီးစပ်သူများထံမှ သိရသည်။ ကရင်လက်နက်ကိုင် ၄ ဖွဲ့မှ ခေါင်းဆောင်များ အစည်းအဝေးတွင် ကရင် အမျိုးသားအစည်းအရုံး(KNU)၏ လက်အောက်ခံ ကရင်ကာကွယ်ရေး တပ်ဖွဲ့ (KNDO)မှ ကနဲလေး-မောခီး ကျေးရွာကြားရှိ အူးဟူချောင်းတံတား ဆောက် လုပ်ရေး လုပ်ငန်းခွင်မှ အရပ်သားများ သတ်ဖြတ်ခဲ့ခြင်းအပေါ် KNDO စစ်ဦးစီးချုပ် နယ်ဒါးမြကို အရေး ယူရေး၊ ကရင်လက်နက်ကိုင်များ အနေဖြင့် ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းထားရေး၊ ကရင် လက်နက်ကိုင် အချင်း ချင်း (BGF နှင့် KNU လက်အောက်ခံတပ်များကြား တိုက်ပွဲများ )ကြားက လုံခြုံ ရေး အရ တိုက်ခိုက်မှုများ မရှိလာစေရေး၊ တိုက်ပွဲများကြောင့် ကရင်ပြည်နယ် အတွင်းက နေရပ် စွန့်ခွာသူများဘဝ လုံခြုံစေရေး၊ စစ်သုံ့ပန်းများကို အစု အလိုက် အပြုံလိုက် သတ်ဖြတ်သည့်သမိုင်း KNU မှာ မရှိသည့်အတွက် သမိုင်း ဆိုး မတွင်အောင် ဖြေရှင်းရေးနှင့် ကော်သူလေးဥပဒေအရ အရေးယူသွားရေး စသည့် အရေးကိစ္စများကို ဆွေးနွေး ခဲ့ကြကြောင်း ကရင်လက်နက်ကိုင်များဖြင့် နီးစပ်သူများထံမှ သိရသည်။ ကရင်လက်နက်ကိုင်များ အစည်းအဝေးသို့ တက်ရောက်ခဲ့သော ဗိုလ်မှူးကြီး စောချစ်သူကလည်း “ မိမိတို့ တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး သေဆုံးမှုများ ရှိလာပါတယ်။ ဒီလုပ်ရပ်တွေဟာ အဆိုးဘက်ကို ဦးတည်စေတာကို သတိပြုဖို့ လိုအပ်ပါတယ်။ မိမိဟာ အင်အားနဲ့ လုပ်ကိုင်နိုင်စွမ်းရှိတဲ့ လက်နက်ကိုင် အဖွဲ့ တစ်ခု အဖြစ်ရှိတာကို အားလုံး သိစေလိုပါတယ်။ ဒီလိုပြောတဲ့အတွက် ခြိမ်း ခြောက်တာ မဟုတ်ပါဘူး၊ KNU ခေါင်းဆောင်များဟာ မိမိရဲ့ ဆရာ မိဘများ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ မိမိတို့အနေနဲ့ နယ်စပ်လုံခြုံရေးနဲ့ ဒေသတည် ငြိမ်ရေး အဓိကထား လုပ်နေရတဲ့ အဖွဲ့အဖြစ်ရပ်တည်နေရတဲ့အတွက် လုံခြုံရေး တာဝန်ထမ်းဆောင်မှု လုပ်ရပ်အပေါ် နှောင့်ယှက် ချောင်းပစ်ခတ်ခြင်းကို ထိန်းသိမ်းပေးစေလိုပါတယ်”ဟု ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။ အစည်းအဝေးတက်ရောက်ခဲ့ကြသူ ခေါင်းဆောင်များကို ဖုန်းဆက် မေးမြန်း နိုင်ရေး ကြိုးပမ်းရာမှာ တော့ ဖုန်းမကိုင်ကြပေ။ ဇွန်လ ၁၅ ရက်မှ ၁၆ ရက်ထိ နှစ်ရက်တာ ကျင်းပခဲ့သော အစည်းအဝေးတွင် KNU မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာနက စောရော်ဂျာခင်၊ KNLA စစ်ဦးစီး ချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းတို့ တက်ရောက်ခဲ့သလို ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူး ကြီး စောချစ်သူ ဦးဆောင်သည့် ကိုယ်စား လှယ် အဖွဲ့၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)မှ ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောစတီး ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့၊ ကရင်အမျိုးသားအစည်း အရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)မှ ကိုယ်စားလှယ်အဖွဲ့ တို့တက်ရောက်ခဲ့ကြသည်။ KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ် နယ်ဒါးမြ အပါအဝင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဘော်ကျော်ဟဲ၊ KNLA တပ်မဟာ ၁-၂-၃-၅ မှ တပ်မှူးများ မတက်ရောက်ခဲ့ သည့် အတွက် လာမည့် ဇွန်လ ၂၂ ရက်တွင် အစည်းအဝေး ထပ်လုပ်ရန် အတည်ပြုခဲ့ကြသလို ၎င်းတို့ကို တက် ရောက်ရေး ဖိတ်ကြားသွားရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။ ကရင် လက်နက်ကိုင် ၄ ဖွဲ့ အစည်းအဝေး ပေါ်ပေါက်လာရခြင်းမှာ ကရင် ပြည်နယ် အတွင်း တပ်မတော်နှင့် KNU လက်အောက်ခံ တပ်ဖွဲ့များကြား ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွား ခြင်းနှင့် စခန်းသိမ်းမှုများ ရှိခြင်း၊ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကာ လက်နက်ကိုင် တိုက်ပွဲဝင်ရေး ကြိုး ပမ်းနေသူများအား KNU လက်အောက်ခံ တပ်မဟာ တချို့က စစ်သင်တန်းများ ပေးအပ်နေခြင်း၊ စစ်တပ် လက် အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (GBF)နှင့် KNU လက်အောက်ခံ တပ်ဖွဲ့များ ကြား တိုက်ပွဲများ ဖြစ်ပွားခြင်း စသည့် အခြေအနေများကြောင့် ဖြစ်ကြောင်း သိရသည်။
ကရင်လက်နက်ကိုင်များ အစည်းအဝေး ဘာတွေ ဆွေးနွေးကြသလဲ
- By CNI
- Category: နိုင်ငံရေး
- Hits: 454