- By CNI
- Category: နိုင်ငံရေး
- Hits: 972
CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၂၆
အမေရိကန်သမ္မတ အိမ်ဖြူတော်သည် ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ အစောပိုင်းက အကောင်းမြင်မှုကို ယခုအခါ လျှော့ချလာခဲ့ပြီး ကွန်ဂရက်(လွှတ်တော်)နှစ်ရပ်စလုံး၌ ဒီမိုကရက်တစ်ပါတီဝင်များ ထိန်းချုပ်ထားမှု ဆုံးရှုံးသွားနိုင်ခြေကို စိုးရိမ်နေမိကြောင်း ဘိုင်ဒန်အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။
တစ်ချိန်က အထက်လွှတ်တော်အတွင်း အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ဖူးသော ဒီမိုကရက်တစ်အမတ်များသည် လက်ရှိ ငွေကြေးဖောင်းပွမှု များပြားနေချိန်၌ ရီပက်ဘလစ်ကန်ကို အားကိုးနေမှုနှင့် ပါတီနှစ်ရပ်အကြား အထက် လွှတ်တော် ရွေးကောက်ပွဲအား ပြန်လည်သင့်မြတ်ရေးအဖြစ် ယူဆရကြောင်း မကြာသေးမီက ကောက်ယူခဲ့သော စစ်တမ်းများကို ကိုးကား၍ ရိုက်တာက ရေးသားဖော်ပြသည်။
ယခုနှစ် အစောပိုင်း ဘိုင်ဒန်၊ မဟာမိတ်အချို့နှင့် အကြံပေးပုဂ္ဂိုလ်များက ဒီမိုကရက်တစ်ပါတီဝင်များ ချုပ်ကိုင် နိုင်မည်ဟု ခန့်မှန်းထားသည့် အောက်လွှတ်တော်တွင် ရီပက်ဘလစ်ကန်များအပေါ် ထင်ရှားသိသာစွာ လှည့်ဖျား မှုများ ရှိနေကြောင်း Five Thirthy Eight အပါအဝင် စစ်တမ်းများက ပြသနေကြသည်။
ကွန်ဂရက်(လွှတ်တော်) တစ်ရပ် (သို့မဟုတ်) နှစ်ရပ်စလုံးကို ချုပ်ကိုင်နိုင်မှု ဆုံးရှုံးခြင်းသည် ဂျိုးဘိုင်ဒန်၏ သမ္မတ သက်တမ်း နှစ်နှစ်အတွင်း ပေါ်လွင်လာတော့မည် ဖြစ်သည်။

အမေရိကန်သမ္မတ ဘိုင်ဒန်ကိုတွေ့ရစဉ် (GETTY IMAGES)
ရီပက်ဘလစ်ကန် ပါတီဝင်များက အမေရိကန်ပြည်တွင်း၌ မိသားစုများ တကွဲတပြား နေထိုင်ရခြင်း၊ ကိုယ်ဝန်ဖျက် ချခြင်းနှင့် ရဲတပ်ဖွဲ့ကို တားမြစ်ကန့်သတ်ခြင်းများ စသည့် အရေးကိစ္စများကို ပိုမိုဆောင်ရွက်လာမည်ဟု မျှော်လင့် ရသည်။
လွှတ်တော်အတွင်း ကြွေးမြီကိစ္စလည်း လွှမ်းမိုးနေခဲ့၍ လူဝင်မှုကြီးကြပ်ရေးနှင့် အခြားအသုံးစရိတ်များ ကန့်သတ် ရန် ဥပဒေသစ်များကို တွန်းအားပေးမှုလည်း ရှိနေသည်။
ရီပတ်ဘလစ်ကန်များသည် ဒီမိုကရက်တစ်များ၏ အသုံးစရိတ်နှင့် သမ္မတဂျိုးဘိုင်ဒန်၏ သားဖြစ်သူ ဟန်တာ (Hunter) ၏ ကိုယ်ပိုင်ဘဝနှင့် စီးပွားရေး ဆက်ဆံရေးများနှင့် ဆက်စပ်သည့် စုံစမ်းစစ်ဆေးရေးများ စတင်လာမည်ဟုလည်း မျှော်လင့်ရသည်။
ဘိုင်ဒန်၊ ၎င်း၏အစိုးရအဖွဲ့ဝင်များ (သို့မဟုတ်) ဒုတိယသမ္မတ ကာမယ်လာဟားရစ်တို့ကို အပြစ်တင် စွပ်စွဲနိုင်ရန် မိမိတို့ မျှော်မှန်းထားကြောင်း လွှတ်တော်အမတ်အချို့က ပြောကြားခဲ့ကြသည်။
အထက်လွှတ်တော်ကို ချုပ်ကိုင်နိုင်ရန် ဒီမိုကရက်တစ် ပါတီဝင်များက ၅၀-၅၀ ရှုမြင်ထားကြောင်း အိမ်ဖြူတော် အတွင်းမှ အယူအဆများနှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 931
CNI International News
တိုကျို၊အောက်တိုဘာ ၂၆
မြောက်ကိုရီးယား၏ စစ်ရေးအရှိန် မြှင့်လာမှုကြောင့် အမေရိကန်သည် ၎င်း၏မဟာမိတ် ဂျပန်နှင့်တောင်ကိုရီးယား တို့ကို အကာအကွယ်ပေးရန်အတွက် နျူကလီးယား၊ သမားရိုးကျ လက်နက်များနှင့် ဒုံးကျည်စနစ်များ အပါအဝင် မိမိတို့ စစ်ရေးစွမ်းရည် အပြည့်အဝ အသုံးချမည်ဖြစ်ကြောင်း အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှား မန်း (Wendy Sherman) က အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
မကြာသေးမီ ရက်သတ္တပတ်များအတွင်း မြောက်ကိုရီးယားသည် ပဲ့ထိန်းဒုံးကျည်များနှင့် အမြောက်များ ထပ်တ လဲလဲ ပစ်ခတ်စမ်းသပ်မှုသည် ရန်စသည့် စစ်ရေး လုပ်ဆောင်ချက်ဖြစ်ကြောင်း ရှားမန်းက ထပ်လောင်း ပြောကြား ခဲ့သည်။

တောင်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ချိုဟွန်ဒေါင်းကိုတွေ့ရစဉ် (AP)
မြောက်ကိုရီးယားကတော့ ၎င်း၏ အပြုအမူများကို နည်းဗျူဟာမြောက် နျူကလီးယား လက်နက်များ အသုံးပြုရန် စမ်းသပ်လေ့ကျင့်မှုဟု အကြောင်းပြထားသည်။
“ဒီလိုလုပ်ရပ်ဟာ တာဝန်မဲ့ပြီး အန္တရာယ်များပါတယ်။ အတိအလင်း မတည်မငြိမ် ဖြစ်စေပါတယ်” ဟု တောင်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ချိုဟွန်ဒေါင်း (Cho Hyundong) နှင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် တွေ့ဆုံဆွေးနွေးမှုတွင် ရှားမန်းက မှတ်ချက်ချခဲ့သည်။
၎င်းတို့နှစ်ဦးသည် အောက်တိုဘာ ၂၆ ရက် (ယနေ့) ဂျပန်နိုင်ငံခြားရေးဝန်ကြီး အပါအဝင် သုံးနိုင်ငံ တွေ့ဆုံမှု မတိုင်မီ အကြိုဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

မြောက်ကိုရီးယားခေါင်းဆောင် ဒုံးကျည်ပစ်လွှတ်ဖို့လုပ်နေစဉ် (KCNA)
ပြီးခဲ့သည့် မေလ၌ ကွန်ဆာဗေးတစ် ခေါင်းဆောင်ဖြစ်သူ တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲ အာဏာရလာပြီး ကတည်းက ယခုကဲ့သို့ သုံးနိုင်ငံအစိုးရ၏ အဆင့်မြင့်အရာရှိများ လူချင်းတွေ့ဆုံမှုသည် ဒုတိယအကြိမ် ဖြစ်သည်။
ထို့ပြင် ဂျပန်နှင့် တောင်ကိုရီးယားတို့အကြား လိပ်ခဲတည်းလည်း ဖြစ်နေခဲ့သော ဆက်ဆံရေး ပိုမိုတိုးတက်လာ ခြင်းကိုလည်း ပြသနေသည်။
လွန်ခဲ့သော တစ်နှစ်၌ ဝါရှင်တန်တွင် သုံးနိုင်ငံ ဆွေးနွေးပြီးနောက် ဂျပန်နှင့် တောင်ကိုရီးယားတို့မှ ဒုတိယဝန်ကြီး များသည် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ၌ အတူပါဝင်ရန် ငြင်းဆိုခဲ့ကြသဖြင့် ရှားမန်းသာလျှင် တစ်ကိုယ်တော် မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းခဲ့ရသည်။
ဂျပန်နှင့်တောင်ကိုရီးယားတို့၏ လုံခြုံရေးအတွက် အမေရိကန်၏ ကတိကဝတ်မှာ အလေးအနက် ရှိကြောင်း မြောက်ကိုရီးယား သဘောပေါက်နားလည်ရန် လိုကြောင်း ရှားမန်းက ပြောကြားခဲ့သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 901
CNI International News
နယူးယောက်၊ အောက်တိုဘာ ၂၆
ယူကရိန်းနိုင်ငံရှိ အမေရိကန်ဇီဝဓာတ်ခွဲခန်းများ၏ လုပ်ဆောင်ချက်များကို စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရန် ကုလသမဂ္ဂ (UN) လုံခြုံရေးကောင်စီထံ ဆုံးဖြတ်ချက်မူကြမ်းကို ရုရှားက အဆိုပြုတင်သွင်းခဲ့ကြောင်း မော်စကိုအခြေစိုက် တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။
အဆိုပါမူကြမ်းထဲတွင် ရုရှားဖက်ဒရေးရှင်း၏ တိုင်ကြားချက်အရ အမေရိကန်နှင့် ယူကရိန်းတို့အပေါ် စွပ်စွဲချက် များကို စုံစမ်းစစ်ဆေးရန်အတွက် UN လုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံး ပါဝင်သော ကော်မရှင်တစ်ရပ် ဖွဲ့စည်း သင့်ကြောင်း တောင်းဆိုထားသည်။ စွပ်စွဲချက်များထဲတွင် ယူကရိန်းပိုင်နက်အတွင်း ဇီဝဓာတ်ခွဲခန်း လှုပ်ရှား လုပ် ဆောင်နေသည့်ကိစ္စမှာ အဓိကပါဝင်သည်။
ထို့ပြင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက် နောက်ဆုံးထားပြီး အကြံပြုချက်များပါရှိသော အစီရင်ခံစာတစ်စောင်ကို လုံခြုံရေးကောင်စီထံ တင်သွင်းရမည်ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးမှုရလဒ်များကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပမည့်ကောင်စီ၏ နဝမအကြိမ်မြောက် ပြန်လည် သုံးသပ်ခြင်းညီလာခံ(ကွန်ဗင်းရှင်း)သို့ အသိပေးရန်ဖြစ်ကြောင်း ရုရှားက အဆိုပြုထားသည်။
Source: တာ့စ်သတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 1281
CNI International News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၅
ဗြိတိန်နိုင်ငံ၏ ပထမဆုံး အိန္ဒိယနွယ်ဖွား ဝန်ကြီးချုပ်အဖြစ် ရီရှီဆန်းနက် တက်လာခြင်းအပေါ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က “အထွတ်အထိပ် မှတ်တိုင်တစ်ခု” ဟု ပြောကြားခဲ့သည်။
“မနက်ဖြန် သူ (ဆန်းနက်)က ချားလ်စ်ဘုရင်ကို သွားတွေ့မယ်လို့ ထင်ပါတယ်။ တော်တော်အံ့ဩစရာပဲ။ ထူးခြားတဲ့ အထွတ်အထိပ် မှတ်တိုင်တစ်ခုပါ” ဟု ရွှေ့ပြောင်းအခြေချ အိန္ဒိယအသိုင်းအဝိုင်း ၏ အောင်မြင်မှုများကို ဘိုင်ဒန်က အသိအမှတ်ပြု ပြောကြားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1050
CNI International News
လန်ဒန်၊ အောက်တိုဘာ ၂၅
ယခင်ဘဏ္ဍာရေးဌာန အကြီးအကဲ ဖြစ်ခဲ့သူ ရီရှီဆန်းနက်သည် အာဏာရ ကွန်ဆာဗေးတစ်ပါတီကို ဦးဆောင်ရန် အောက်တိုဘာ ၂၄ ရက်၌ ရွေးချယ်တင်မြှောက် ခံရပြီးနောက် တိုင်းပြည်စီးပွားရေးနှင့်နိုင်ငံရေး မငြိမ်မသက် ဖြစ်နေသည့် ပြဿနာကို စတင်ကိုင်တွယ် ဖြေရှင်းရတော့မည်ဖြစ်ကြောင်း အေပီသတင်းအရ သိရသည်။
ဗြိတိန်နိုင်ငံ၌ ယခုနှစ်အတွင်း တတိယမြောက် ဝန်ကြီးချုပ် ဖြစ်လာသူအတွက် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများမှာ ကြီးမားလှသည်။
၎င်း၏ရှေ့က လစ်ဘရယ်ဝါဒီဖြစ်သူ ထရက်စ်က စီးပွားရေးစနစ်ကို ဆိုးရွားလှစွာဖြင့် စမ်းသပ်ခဲ့ခြင်းကြောင့် ဆုတ်ယုတ်ကျဆင်းနေသော တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့စေရန် ရီရှီဆန်းနက် ကြိုးစားရမည်ဖြစ်သည်။

ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ယှဉ်ပြိုင်ခဲ့သူ ပဲနီမော်ဒန့်ကိုတွေ့ရစဉ် (AP)
လက်ရှိ အနေအထား၌ ကွန်ဆာဗေးတစ်ပါတီအတွင်း စိတ်ဓာတ်များ ကျဆင်းပြီး သဘောထား ကွဲလွဲမှုများဖြစ် ပေါ်နေခြင်းကို စုစည်းရန် ကြိုးစားနေရသလို အတိုက်အခံများနောက်သို့ လူထုလိုလားမှု ပိုမိုတိုးပွားလာနေ ကြောင်း သဘောထား စစ်တမ်းများအရ သိရသည်။
၎င်း၏ ပထမဆုံး အများသိစေရန် ကြေညာချက်တွင် ဆန်းနက်က “ဗြိတိန်သည် ကြီးမြတ်သော နိုင်ငံဖြစ်သော် လည်း ကျနော်တို့သည် လေးလံလှသော စီးပွားရေး စိန်ခေါ်မှုကို ရင်ဆိုင်ရမည်မှာ သေချာကြောင်း” ပြောကြား ခဲ့သည်။
“အခုအချိန်အခါမှာ ကျနော်တို့တတွေဟာ တည်ငြိမ်ရေးနဲ့ စည်းလုံးညီညွတ်ရေး လိုအပ်နေပါတယ်။ ကျနော်တို့ ပါတီနဲ့ တိုင်းပြည်ကို ပေါင်းစည်းဖို့ ဦးစားပေး လုပ်သွားပါ့မယ်” ဟု ဆန်းနက်က ပြောကြားခဲ့သည်။
၎င်းသည် ဗြိတိန်နိုင်ငံတွင် နှစ်ပေါင်း ၂၀၀ အတွင်း အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်ပြီး ၄၂ နှစ်အရွယ်သာ ရှိသေးသည်။

ရီရှီဆန်းနက်နဲ့ ဗြိတိန်အမတ်ကိုတွေ့ရစဉ် (AP)
ဆန်းနက်သည် တောင်အာရှဒေသ၊ အိန္ဒိယနွယ်ဖွားဖြစ်ပြီး ဟိန္ဒူခေါင်းဆောင် တစ်ဦးအနေဖြင့် ပထမဆုံး ဗြိတိန် ဝန်ကြီးချုပ် ဖြစ်လာခဲ့၍ အတိတ်ကာလ၌ ဗြိတိသျှကိုလိုနီ သူ့ကျွန်ဘဝ ကျရောက်ခဲ့ရသော အိန္ဒိယနိုင်ငံအတွက် လည်း မှတ်တိုင်တစ်ခုဟု အေပီက ဆက်လက် ရေးသားသည်။
ဟိန္ဒူတို့၏ အထင်ကရဖြစ်သည့် ဒီပါဝလီပွဲတော် ကာလအတွင်း ကွန်ဆာဗေးတစ်ပါတီ၏ ခေါင်းဆောင်အဖြစ် ရွေးကောက် တင်မြှောက်ခံရသော ဆန်းနက်သည် ပြီးခဲ့သည့် ရက်သတ္တပတ်၌ အုတ်အော်သောင်းတင်းဖြစ်ပြီး ၄၅ ရက်သာ ဝန်ကြီးချုပ်ဖြစ်ခဲ့သော ထရက်စ်၏ ရာထူးတာဝန်ကို အစားထိုး တာဝန်ယူပြီဟု သိရသည်။
ဆန်းနက်၏ တစ်ဦးတည်းသော ပြိုင်ဘက်ဖြစ်သူ ပဲနီမော်ဒန့်သည် ကွန်ဆာဗေးတစ်အမတ် ၁၀၀ ဦး၏ ထောက်ခံ မှု မရသဖြင့် အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 973
CNI International News
မော်စကို၊အောက်တိုဘာ ၂၅
တင့်ကားများ၊ သေနတ်များမှ ဒုံးကျည်နှင့်ဒရုန်းများအထိ လက်နက်အမျိုးအစား အားလုံးကို မိမိတို့ တိုးမြှင့် ထုတ်လုပ်နေကြောင်း ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီမက်ဗီဒက် (Dmitry Medvedev) က အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။
“တင့်ကားများ၊ သေနတ်များမှအစ လက်နက်အမျိုးအစား အားလုံးနှင့် စစ်သုံးအထူးကိရိယာများ ထုတ်လုပ်မှုကို အဆပေါင်းများစွာ တိုးမြှင့်ထားကြောင်း၊ တိကျသည့် ဒုံးကျည်များနှင့် ဒရုန်းများလည်း ပါဝင်ကြောင်း” ၎င်းက တယ်လီဂရမ်ချန်နယ်မှနေ၍ ပြောကြားခဲ့သည်။
ရုရှားကို အတိုက်အခံ ပြုလုပ်နေသူများ အနေဖြင့် မိမိတို့ထံတွင် လက်နက်များ ကုန်ခမ်းသွားလိမ့်မည်ဟု မမျှော် လင့်ကြရန် ၎င်းက အသိပေးခဲ့သည်။

ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီမက်ဗီဒက်ကိုတွေ့ရစဉ် (Reuters)
“ရန်သူရဲ့ ခွဲခြမ်းစိတ်ဖြာတဲ့ သုံးသပ်ချက်တွေကို ကျနော်တို့ ဖတ်ရတဲ့အခါမှာ ရုရှားဆီမှာ မကြာခင် စစ်လက်နက် ပစ္စည်းတွေနဲ့ အသုံးတွင်ကျယ်တဲ့ စစ်သုံးကိရိယာတွေ ကုန်ခမ်းသွားတော့မယ်ဆိုတဲ့ ထင်ကြေးကို ထပ်ခါတလဲလဲ တွေ့နေရပါတယ်။ ကျနော်တို့မှာ အသုံးချစရာ လက်နက်တွေက အများကြီးပါ” ဟု ဒီမီထရီမက်ဗီဒက်က မှတ်ချက် ချခဲ့သည်။
သမ္မတ ဗလာဒီမာပူတင်၏ အမိန့်အရ ရုရှားအစိုးရ တာဝန်ရှိသူများသည် ညီးရှနီးတာဂေးလ် (Nizhny Tagil) ဒေသ ရှိ သံချပ်ကာနှင့်တင့်ကား စသည့် စစ်သုံးယာဉ်များ အများဆုံး ထုတ်လုပ်သည့် ယူရယ်ဗာဂွန်ဇာဗော့ဒ် (Uralvagon zavod) ကော်ပိုရေးရှင်းသို့ သွားရောက်ပြီး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။
အဆိုပါ ခရီးစဉ်အတွင်း အထူးစစ်ဆင်ရေးများ၌ သုံးစွဲရန် လက်နက်ကိုင် တပ်ဖွဲ့များထံသို့ စစ်သုံးလက်နက်၊ ကိရိယာများ အရှိန်မြှင့် တင်ပို့ရေးနှင့် လက်ရှိ ရင်ဆိုင်နေရသော ပြဿနာများကို ဖြေရှင်းရေးဆိုင်ရာ ဆွေးနွေးခဲ့ ကြကြောင်း မက်ဗီဒက် အဆိုအရ သိရသည်။
“အစိုးရရဲ့ အဓိက ကန့်သတ်ချက် မူဘောင် အားလုံးထဲမှာ ကာကွယ်ရေး စာချုပ်တွေအတိုင်း အတိအလင်း အကောင်အထည်ကြဖို့၊ စစ်လက်နက်ပစ္စည်း ထောက်ပံ့ပို့ဆောင်ရေးမှာ အနှောင့်အယှက် မတွေ့ရအောင် တားဆီးသွားဖို့ ရည်မှန်းချက်တွေ ချမှတ်ထားပါတယ်” ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
Source: တာ့စ်သတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 1421
CNI International News
ဂျေရုဆလင်၊ အောက်တိုဘာ ၂၅
အမေရိကန်ဖိအား တိုးလာနေချိန်၌ တရုတ်ကို ပစ်မှတ်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက် အသစ် များအား အစ္စရေးအစိုးရက အတည်ပြုရန် မျှော်လင့်ရကြောင်း ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းစာတွင် ရေးသားဖော်ပြသည်။
အစ္စရေးအစိုးရအဖွဲ့သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အစိုးရအနေဖြင့် ကြီးကြပ်ကိုင်တွယ်ရေး အားကောင်းစေမည့် အစီအမံများကို အတည်ပြုသွားရန် မျှော်လင့်ထားကြောင်း ဟာရက်(Harretz) မီဒီယာက သတင်းဖော်ပြ ခဲ့သည်။
ထိုအစီအမံများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့ကုမ္ပဏီ၏ အစုရှယ်ယာ ၅ ရာခိုင်နှုန်းထက် ကျော်၍ ထိန်းချုပ်ထားလျှင် အစိုးရက ဝင်ရောက်စွက်ဖက်ခွင့်ပြုခြင်း၊ နိုင်ငံ့လုံခြုံရေး ခြိမ်းခြောက်လာသည်ဟု ယူဆပါက ပြည်တွင်း စီမံကိန်းများကို နိုင်ငံခြားကုမ္ပဏီများ လေလံဆွဲခြင်း (သို့မဟုတ်) လိုင်စင်ထုတ်ပေးရေး နှောင့်နှေးစေ ခြင်းတို့ ပါဝင်သည်။
ကန့်သတ်ချက် အသစ်များ၌ အဆင့်မြင့် စက်မှုနည်းပညာ လုပ်ငန်းများ အကျုံးဝင်မည် မဟုတ်သော်လည်း ကြီးထွားလာနေသည့် အမေရိကန်-တရုတ် နည်းပညာပြိုင်ဆိုင်မှုကြောင့် မကြာမီ ယင်းနယ်ပယ် တိုးချဲ့သွား နိုင်ကြောင်း အစ္စရေးနိုင်ငံ၊ အက်ကီလွန်ပညာရေးကောလိပ်မှ နိုင်ငံရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာ ဝါရင့်ကထိက မော်ဒီချိုင်ချာဇီဇာ (Mordechai Chaziza) က ပြောကြားခဲ့သည်။

အစ္စရေးနည်းပညာကိုတွေ့ရစဉ် (GETTY IMAGES)
“လက်ရှိရာစုနှစ်ရဲ့ နိုင်ငံတကာစနစ်မှာ ဖော်ညွှန်းနေတဲ့ နည်းပညာပြိုင်ဆိုင်မှုမှာ ဘယ်သူနိုင်မလဲဆိုတာ လူတိုင်း သိပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
“အစ္စရေးနဲ့ အနောက်နိုင်ငံတွေက အမေရိကန်ကို ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ် ဆက်ရှိနေဖို့ အာရုံစိုက်ထားကြပါ တယ်။ ဒါကြောင့် အဆင့်မြင့် နည်းပညာနယ်ပယ်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို ကန့်သတ်ထိန်းချုပ်တာဟာ ဆင်ခြင်တုံတရားနဲ့ ယှဉ်ဖို့ လိုပါတယ်” ဟု မော်ဒီချိုင်ချာဇီဇာက မှတ်ချက်ချခဲ့သည်။
“အစ္စရေးနှင့်တရုတ်သည် အရေးကြီးသော စမ်းသပ်မှုတစ်ရပ် လုပ်နေကြောင်း၊ ဘေဂျင်းအပေါ် အမေရိကန်နှင့် လိုက်လျောညီထွေ သဘောမျိုး အစ္စရေးဘက်က မထားရှိဖို့ မိမိတို့ လိုလားပါကြောင်း” ဟု တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာဆက်ဆံရေးဌာနတာဝန်ခံ လျူဂျင်ချောင် (Liu Jianchao) က တရုတ်ဆိုင်ရာ အစ္စရေးသံအမတ် အီရစ် ဘန် အေဘာ (Irit Ben-Abba) ကို ယခင်ဩဂုတ်လတွင် ပြောကြားခဲ့သည်။
သို့သော် “ထိုစဉ်က အခြေအနေကို မိမိ သတိမမူမိခဲ့ကြောင်း” တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝီဘင် (Wang Wenbin) က နောက်ပိုင်းတွင် ပြောကြားခဲ့သည်။
အမေရိကန်သည် မကြာသေးမီ လများအတွင်း တရုတ်အပေါ် ကန့်သတ်ချက် အများအပြား ချမှတ်ခဲ့ရာ အဆင့်မြင့် ချစ်ပ် (chip) နည်းပညာကို အသုံးပြုခွင့် ကန့်သတ်ရန်လည်း အပါအဝင် ဖြစ်သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 1534
CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၂၅
ယူကရိန်းအရေးကို သံတမန်နည်းလမ်းဖြင့် အဆုံးသတ်စေရန် သမ္မတဂျိုးဘိုင်ဒန်ထံသို့ ဒီမိုကရက်တစ်အမတ် ၃၀ ခန့်က စာရေးသားတောင်းဆိုပြီးနောက် ယူကရိန်းမပါဝင်ဘဲ ရုရှားနှင့် တိုက်ရိုက်ဆွေးနွေးရေး အစီအစဉ်အား အမေရိကန်အစိုးရ တာဝန်ရှိသူများက ပယ်ချခဲ့ကြောင်း အာရ်တီသတင်းဌာနမှ ရေးသားဖော်ပြသည်။
“ကျနော်တို့ဘက်က ရှင်းပါတယ်။ ယူကရိန်း မပါဘဲနဲ့ ယူကရိန်းကိစ္စ ဘာမှပြောစရာ မရှိပါဘူး။ ဒါဟာ ရုရှားနဲ့ ဆွေးနွေးပုံ ဆွေးနွေးနည်း၊ စေ့စပ်ညှိနှိုင်းကြမယ့် အမျိုးအစားနဲ့ပတ်သက်လာရင်တော့ သမ္မတဗိုလိုဒီမီယာ ဇာလန်းစကီးကပဲ ဆုံးဖြတ်ချက် ချမှတ်ရမှာ ဖြစ်ပါတယ်” ဟု အိမ်ဖြူတော် သတင်းပြန်ကြားရေးတာဝန်ခံ ကာရင်ဂျင်ပီးရီ (Karine Jean-Pierre) က အောက်တိုဘာ ၂၄ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
အနာဂတ် စေ့စပ်ညှိနှိုင်းရေးတွင် ယူကရိန်းက တစိတ်တပိုင်း ပါဝင်ရမည်ဟု အမေရိကန် အမျိုးသားလုံခြုံရေး ကောင်စီ ပြောခွင့်ရသူ ဂျွန်ကာဘီ (John Kirby) က အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
“ယူကရိန်းဘက်ကနေ ကိုယ်စားလှယ်မပါဘဲ ရုရှားခေါင်းဆောင်တွေနဲ့ စကားမပြောဘူး” ဟု ဂျွန်ကာဘီ၏ ပြောကြားချက်ကို ကိုးကားလျက် ဝါရှင်တန်ပို့စ် သတင်းစာက ရေးသားသည်။

ယူကရိန်းခေါင်းဆောင် ဇာလန်းစကီးကိုတွေ့ရစဉ် (GETTY IMAGES)
“မစ္စတာ ဇာလန်းစကီးဟာ သူ့နိုင်ငံအရေးကိစ္စ ဖြစ်တဲ့အတွက် ဘယ်လိုအောင်မြင်အောင် ဆွေးနွေး ပုံဖော်မလဲဆိုတာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
သမ္မတထံသို့ လွှတ်တော်အမတ်များ ပေးပို့သော စာလွှာကို မိမိ မမြင်ဖူးကြောင်း ကာရင်ဂျင်ပီးရီက ဝန်ခံပြောကြား ခဲ့သလို ဂျွန်ကာဘီကလည်း “လွှတ်တော်အမတ်များ၏ တွေးခေါ်မြော်မြင်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို အမေရိကန် အစိုးရက တန်ဖိုးထားလေးစားပါကြောင်း” မှတ်ချက်ချခဲ့သည်။
သို့သော်လည်း ရုရှားသမ္မတ ဗလာဒီမာပူတင်သည် လက်ရှိပဋိပက္ခကို အချိန်မရွေး အဆုံးသတ်ဖို့ ရွေးချယ်နိုင် ကြောင်း ကာရင်ဂျင်ပီးရီရော ဂျွန်ကာဘီကပါ အသီးသီး ပြောကြားခဲ့သည်။
အောက်တိုဘာ ၂၄ ရက်တွင် အိမ်ဖြူတော်သို့ ပေးပို့သော စာလွှာတစ်စောင်ထဲတွင် ကွန်ဂရက်(လွှတ်တော်) တိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ပရာမီလာက “ယူကရိန်း၏ ပျက်စီးဆုံးရှုံးမှုကြောင့် ဥရောပတွင် နျူကလီးယား စစ်ပွဲ ခြိမ်းခြောက်မှုနှင့် စီးပွားရေး မတည်ငြိမ်မှုများ ဆောင်ကြဉ်းပေးခဲ့ကြောင်း၊ စေ့စပ်ညှိနှိုင်း အဖြေရှာရန်လို ကြောင်း” ပြောကြားထားသည်။
Source: အာရ်တီသတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 1365
CNI International News
ဘန်ကောက် အောက်တိုဘာ ၂၄
ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာကို နုတ်ထွက်စေပြီး လာမည့်ရွေးကောက်ပွဲတွင် ပလန်ပရာချာရတ်ပါတီ (PPRP) ခေါင်းဆောင် ပရာဝစ်ဝေါင်ဆူဝမ်ကိုသာ ပါတီ၏ တစ်ဦးတည်းသော ဝန်ကြီးချုပ် အလောင်းအလျာအဖြစ် ဝင် ရောက်ယှဉ်ပြိုင်ရန် ပါတီဝင်တစ်ဦး၏ အကြံပြုချက်ကို အဆိုပါပါတီက ပယ်ချလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းအရ သိရသည်။
မိမိတို့ပါတီသည် ဗိုလ်ချုပ်ကြီးပရာယွတ်ကို ပါတီ၏ကိုယ်စားလောင်းအဖြစ် ဗိုလ်ချုပ်ကြီးပရာဝစ်နှင့် အစားထိုးရန် မရှိကြောင်း PPRP လက်ထောက်ခေါင်းဆောင် ချိုင်ဝပ်သနက်မနူဆွန်က ပြောကြားခဲ့သည်။
PPRP ပါတီမှ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ရွမ်ဘွန်ဆူယာဖန် (Rong Boonsuayfan) ၏ အကြံပြုချက်ကို ချိုင်ဝပ်သနက်မနူဆွန်က ထိုကဲ့သို့ တုံ့ပြန်ပြောကြားခဲ့သည်။
ချိုင်ဝပ်သနက်မနူဆွန်သည် ထိုင်းအစိုးရအဖွဲ့ဝင်လည်းဖြစ်ပြီး ဒစ်ဂျစ်တယ် စီးပွားရေးနှင့် လူမှုရေးဝန်ကြီး တာဝန် ကို ထမ်းဆောင်နေသည်။
ဗိုလ်ချုပ်ကြီး ပရာယွတ်ကို ဝန်ကြီးချုပ်အဖြစ် ထပ်မံခန့်အပ်ရန် အကြောင်းပြချက် မရှိတော့ဘဲ ဗိုလ်ချုပ်ကြီး ပရာဝစ်ကို ရာထူးတက်ပေးသင့်ကြောင်း မကြာသေးမီကပင် မစ္စတာ ရွမ်ဘွန်ဆူယာဖန်က အကြံပြု တင်ပြခဲ့သည်။
PPRP ပါတီသည် ဗိုလ်ချုပ်ကြီး ပရာယွတ်ကို လက်ရှိ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်စေသည့်အပြင် ထိုင်းပြည်သူများ အကျိုးစီးပွားအတွက် တိုင်းပြည်ကို ရှေ့ဆက်တိုးနိုင်အောင် ကြိုးပမ်း နေကြောင်း ချိုင်ဝပ်သနက်မနူဆွန်က ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီးပရာယွတ်နဲ့ ဗိုလ်ချုပ်ကြီး ပရာဝစ်ကို တွေ့ရစဉ်
ဗိုလ်ချုပ်ကြီး ပရာယွတ် အနေဖြင့် လာမည့် ထိုင်းရွေးကောက်ပွဲတွင် PPRP ပါတီ အောင်ပွဲခံနိုင်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို လာမည့်နှစ် မေလ ၇ ရက်တွင် ကျင်းပရန် စီစဉ်ထားသည်။
“အခုလတ်တလော နိုင်ငံရေးကိစ္စ မဆွေးနွေးဘဲ နေကြရအောင်ဗျာ။ ရွေးကောက်ပွဲ မတိုင်မီ ကျန်ရှိနေသးတဲ့ အချိန်တိုလေးကို ပြည်သူအတွက် ကျနော်တို့ အသုံးချသင့်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။
PPRP ပါတီ ဦးဆောင်သော လက်ရှိထိုင်းအစိုးရသည် အဓိက အခြေခံ အဆောက်အအုံ စီမံကိန်းများကို သိသာ ထင်ရှားစွာ အကောင်အထည် ဖော်နိုင်ခဲ့သော်လည်း ကပ်ရောဂါကာလ နှစ်နှစ်တာအတွင်း ထိုင်းနိုင်ငံသားများမှာ ငွေကြေးကျပ်တည်းမှုနှင့် ရင်ဆိုင်ခဲ့ရသည်။
ထို့ပြင် ယူကရိန်းသို့ ရုရှားကျူးကျော်စစ်ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် ငွေကြေးဖောင်းပွမှု အခက်အခဲ ကိုလည်း ထိုင်းနိုင်ငံသားများ ထပ်ဆင့် ခံစားခဲ့ကြရသည်။
Source: Bangkok Post
