CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈

ချယ်လ်ဆီးအသင်းဟာ အင်္ဂလန်ရှေ့တန်းကစားသမား စတာလင်ကို ခေါ်ယူဖို့အတွက် သူ့ရဲ့ကလပ်ဖြစ်တဲ့ မန်စီးတီးအသင်းထံ တရားဝင်ဆက်သွယ်လိုက်ပြီလို့ ဘီဘီစီသတင်းဌာနက ဖော်ပြထားပါတယ်။

လန်ဒန်ကလပ်ဟာ ပိုင်ရှင်သစ် တောဒ့်ဘိုလီလက်ထက် အဓိကအပြောင်းအရွှေ့အဖြစ် စတာလင်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားလုပ်ဆောင်နေတာပါ။

ချယ်လ်ဆီးအသင်းဟာ စတာလင်အတွက် မန်စီးတီးအသင်းကို တရားဝင် ကမ်း လှမ်းမှု မပြုလုပ်ရသေးပေမယ့် မကြာခင်မှာပဲ ကမ်းလှမ်းမှုပြုလုပ်ဖို့ ရှိနေတာဖြစ်ပါတယ်။တိုက်စစ်မှူး လူကာကူ ဟာ အင်တာမီလန်အသင်းထံ အငှားနဲ့ပြောင်းရွှေ့မှာဖြစ်တာကြောင့် ချယ်လ်ဆီးအသင်းဟာ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ရှာဖွေနေတာပါ။

အဲဒါကြောင့် စတာလင်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပြီး သူဟာ ပိုင်ရှင်သစ် တောဒ့်ဘိုလီလက်ထက် ချယ်လ်ဆီး အသင်းရဲ့ ပထမဆုံးကစားသမားခေါ်ယူမှု ဖြစ်လာနိုင်ပါတယ်။စတာလင်နဲ့ မန်စီးတီးအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ တစ်ရာသီသာ ကျန်ရှိတော့တာဖြစ်ပြီး ကစားသမားအနေနဲ့ သူ့ရဲ့ရွေးချယ်မှုတွေကို ပြန်လည်သုံးသပ် ရမယ်ဆိုတာ နားလည်ထားတာပါ။မန်စီးတီးအသင်းဟာ အခုအပြောင်းအရွှေ့မှာ ဟာလန်းကိုခေါ်ယူပြီး တိုက်စစ် ပိုင်းကို အားဖြည့်ထားတဲ့အတွက် စတာလင်ဟာ နေရာရဖို့ ပြိုင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

စတာလင်ဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းရဲ့ အရေးပါတဲ့ပွဲစဉ်တွေဖြစ်တဲ့ ရီးရယ်လ်ကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်နဲ့ အက်စတွန်ဗီလာကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်တွေရဲ့ ပွဲထွက် လူ စာရင်းမှာ မပါဝင်ခဲ့တာပါ။အခုအပြောင်းအရွှေ့မှာ မန်စီးတီးတိုက်စစ်မှူး ဂျီးဆပ်စ်ဟာ အာဆင်နယ်ကို ပြောင်းရွှေ့ မှာ ဖြစ်ပေမယ့် ရေးဗားပလိတ်ကို အငှားချထားတဲ့ တိုက်စစ်မှူး အယ်လ်ဗားရတ်ဇ်က အသင်းထံ ပြန်လည် ရောက်ရှိလာမှာဖြစ်ပါတယ်။အဲဒီအတွက် စတာလင်ဟာ ပုံမှန်နေရာရဖို့ မဖြစ်နိုင်တော့တာကြောင့် မန်စီးတီးကနေ ထွက်ရဖို့ ရှိနေတာပါ။

စတာလင်ဟာ ၂၀၁၅ က မန်စီးတီးအသင်းကို ပေါင် ၄၉ သန်းနဲ့ လီဗာပူးလ်ကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး အ သင်းအတွက် ပြိုင်ပွဲစုံ ၃၃၉ ပွဲ ပါဝင်ကစားကာ ၁၃၁ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။အင်္ဂလန်ကစားသမားဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်အပါအဝင် ဆုဖလားပေါင်း ၁၀ ခု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:BBC