CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၁

အေဘရာမိုဗစ်ချ် ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ထွက်ခွာချိန် မျက်ရည်ယိုဗုံးပေါက်ကွဲမှုကြောင့် အမြင်အာရုံ ဆုံးရှုံးခဲ့တယ်လို့ တူရကီ မီဒီယာတွေက ဖော်ပြထားပါတယ်။

ချယ်လ်ဆီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ် ကို တူရကီနိုင်ငံ မြို့တော်အန်ကာရာမှာ သီးသန့်ကုသမှုခံယူဖို့ အတွက် ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တာပါ။ အစောပိုင်းက အေဘရာမိုဗစ်ချ် ဟာ အဆိပ်ခတ်လုပ်ကြံခံရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နိုင်ငံတကာ သတင်းမီဒီယာတွေက မျက်ရည်ယိုဗုံးကြောင့် ဒဏ်ရာရရှိသွားခဲ့တာလို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အေဘရာမိုဗစ်နဲ့ ယူကရိန်း ကိုယ်စားလှယ်(၂)ဦးဟာ အဆိပ် ခတ်လုပ်ကြံခံခဲ့ရတာလို့ အရင်က ဖော်ပြခဲ့တာပါ။

အေဘရာမိုဗစ်ချ် ဟာ မျက်ရည်ယိုဗုံးပေါက်ကွဲမှုကြောင့် အရေပြားနဲ့ မျက်လုံးတွေမှာ မီးလောင်ခြင်း လက္ခဏာ တွေ ခံစားခဲ့ရပြီး ချက်ချင်းပဲ အန်ကာရာမှာရှိတဲ့ ဆေးရုံကို ခေါ်ဆောင်သွားခဲ့ရတာလို့ စပိန်သတင်း ဝက်ဘ်ဆိုက် El Confidencial မှာ ရေးသားထားတာဖြစ်ပါတယ်။ အေဘရာမိုဗစ်ချ် ဟာ သူရောက်ရှိနေမှုကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ သူ့ရဲ့လာရောက်မှုစာရင်းကို လျို့ဝှက်ထားတာလည်း ဖြစ်ပါတယ်။

အေဘရာမိုဗစ်ချ် ဟာ မျက်ရည်ယိုဗုံးပေါက်တဲ့ အခြေအနေကြောင့် နာရီပေါင်းများစွာ အမြင်အာရုံဆုံးရှုံးခဲ့ရပြီး လက်နဲ့မျက်နှာမှာရှိတဲ့ အရေပြားတွေလည်း ကွာကျခဲ့တယ်လို့ သိရပါတယ်။ ချယ်လ်ဆီး အသင်းပိုင်ရှင် ဟာ အစ္စတန်ဘူလ် ကို သွားရောက်တဲ့အချိန်မှာ သူ့ရဲ့လက်နဲ့ မျက်နှာမှာရှိတဲ့ အရေပြားတွေကွာကျကာ အမြင်အာရုံ ဆုံးရှုံးသွားတယ်ဆိုပြီး ညည်းညူခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာဖြစ်ပါတယ်။

အေဘရာမိုဗစ်ချ်နဲ့ ယူကရိန်းကိုယ်စားလှယ်နှစ်ဦးတို့ဟာ ပြီးခဲ့တဲ့အပတ်ကစပြီး ရောဂါလက္ခဏာတွေ ပျောက်ကင်း သွားပြီလို့ သိရပါတယ်။ အေဘရာမိုဗစ်ချ် ဟာ ရုရှားက ယူကရိန်းကို ကျုးကျော်တိုက်ခိုက်မှုတွေကြောင့် ဗြိတိန် အစိုးရရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ခံနေရတာပါ။ ရုရှားဘီလျံနာကတော့ ရုရှားနဲ့ ယူကရိန်းပြန်လည်ငြိမ်းချမ်း နိုင်ဖို့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်နေတာလည်းဖြစ်ပါတယ်။

Source:TheSun