CNI Sport News
၂၀၂၂ ခုနှစ်၊ မတ်လ ၉
ဗြိတိန်တင်းနစ် အကျော်အမော် အန်ဒီမာရေး ကတော့ ယူကရိန်းမှာရှိတဲ့ ကလေးတွေကို အကူအညီပေးဖို့အတွက် တစ်နှစ်တာလုံးရရှိမယ့် ဆုကြေးငွေတွေကို လှူဒါန်းသွားမယ်လို့ ပြောလိုက်ပါတယ်။
အန်ဒီမာရေး ဟာ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေနဲ့ ဖွံ့ဖြိုးရေးပစ္စည်းတွေ ပံ့ပိုးပေးနိုင်ဖို့ ယူနီဆက်ဖ်နဲ့ ပူးပေါင်းဆောင်ရွက်နေတာပါ။ ရုရှားရဲ့တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းနိုင်ငံအတွင်းက လူပေါင်း(၂)သန်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။ အန်ဒီမာရေး က “ယူကရိန်းနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ကလေးငယ် ၇ ဒသမ ၅ သန်းကျော်ဟာ အန္တရယ်ကျရောက်နေတယ်”လို့ ဆိုပါတယ်။
ဂရမ်းဆလမ်းချန်ပီယံဆုကို (၃)ကြိမ်တိုင်ရရှိထားတဲ့ အန်ဒီမာရေး ဟာ UNICEF (UK) ရဲ့ သံတမန်တစ်ဦးအဖြစ် ဆောင်ရွက်နေသူပါ။ “အရေးကြီးတဲ့ ပညာရေးတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒါကြောင့် ယူနီဆက်ဖ် ဟာ စစ်ဘေးရှောင်ကလေးငယ်တွေအတွက် သင်ကြားခွင့်ရရှိရေးအပြင် ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေ ပြန်လည်ထူထောင်ရေးမှာ အစားထိုးပစ္စည်းတွေ၊ ပရိဘောဂတွေနဲ့အတူ ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်နေတယ်”လို့ အန်ဒီမာရေး က ပြောခဲ့တာဖြစ်ပါတယ်။
အင်္ဂါနေ့ အစောပိုင်းက တင်းနစ်အားကစားအဖွဲ့ချုပ်ဟာ ယူကရိန်းမှာ လူသားချင်းစာနာမှုဆိုင်ရာ ကြိုးပမ်းမှု တွေကိုကူညီဖို့နဲ့ ယူကရိန်းတင်းနစ်အဖွဲ့ချုပ်ကို ပံ့ပိုးကူညီဖို့အတွက် ဒေါ်လာ(၇)သိန်း လှူဒါန်းခဲ့တယ်လို့ ကြေညာ ခဲ့ပါတယ်။
အန်ဒီမာရေး ဟာ ရုရှားရဲ့ကျုးကျော်မှုအတွင်း ယူကရိန်းကိုလှူဒါန်းတဲ့ တစ်ဦးတည်းသော တင်းနစ်ကစားသမား မဟုတ်ပါဘူး။ ပြီးခဲ့တဲ့အပတ်က ယူကရိန်းတင်းနစ်မယ် ဒါယာနာ ဟာ လိုင်ယွန်အိုးပန်းပြိုင်ပွဲမှာ ရရှိခဲ့တဲ့ ဆုကြေး ငွေတွေကို သူ့ရဲ့နိုင်ငံအတွက် လှူဒါန်းခဲ့တာပါ။ နိုင်ငံတကာတင်းနစ်အဖွဲ့ချုပ်က ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှု တွေကြောင့် ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေက ကစားသမားတွေဟာ ကြားနေ အလံအောက်မှာသာ ယှဉ်ပြိုင်ကြရ တော့မှာလည်းဖြစ်ပါတယ်။
Source:Metro