CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆
ချန်ပီယံလိဂ်(၁၆)သင်းအဆင့်ရဲ့ ပထမနေ့ ပွဲစဉ်တွေမှာ ပီအက်စ်ဂျီနဲ့ မန်စီးတီးအသင်းတို့ နိုင်ပွဲကိုယ်စီရယူ သွားနိုင်ခဲ့ပါတယ်။ မနက်ဖြန် မနက်ပိုင်းမှာ အင်တာမီလန်နဲ့ လီဗာပူးလ်၊ ဆဲလ်ဘတ်နဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ ကစားရမယ့် ပွဲစဉ်တွေ ရှိပါ တယ်။ ဒီပွဲတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ အချက်အလက်တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အင်တာမီလန်နဲ့ လီဗာပူးလ်
************************
ပြည်တွင်းလိဂ် ပြိုင်ပွဲတွေမှာ ဒုတိယရနေတဲ့ အသင်း(၂)သင်း တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ ဒီ(၂)သင်းရဲ့ နောက်ဆုံး (၂)ကြိမ် တွေ့ဆုံမှုမှာ လီဗာပူးလ် အသင်းက အသာရထားတာပါ။ လီဗာပူးလ် အသင်းဟာ အုပ်စုအဆင့်မှာတုန်းက အင်တာမီလန်ရဲ့ မြို့ခံပြိုင်ဘက် အေစီမီလန်နဲ့ ဆန်စီရိုကွင်းမှာ ကစားခဲ့ပြီး အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ (၂)သင်းလုံးဟာ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ထားကြတာ ဖြစ်ပါတယ်။
အင်တာမီလန် အသင်းမှာ အဓိက ကစားသမားဖြစ်တဲ့ ဘာရယ်လာ ပွဲပယ်ခံထားရပြီး ဂိုဆန်နဲ့ ကော်ရီယာတို့က ဒဏ်ရာ ရရှိ နေတာပါ။ လီဗာပူးလ် အသင်းကတော့ ပွဲပယ်ခံထားရတဲ့ ကစားသမား မရှိသလို ဒဏ်ရာ အနည်းငယ်ရှိနေတဲ့ အသင်းခေါင်း ဆောင် ဟန်ဒါဆန်ကလည်း ပါဝင်ကစားဖို့ အဆင်သင့် ဖြစ်နေပြီလို့ နည်းပြ ကလော့ပ်ကလည်း အတည်ပြု ထားပါတယ်။
အင်တာမီလန် အသင်းရဲ့ ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်းကတော့ ဟန်ဒါနိုဗစ်၊ စကားနီးယား၊ ဒီဗာ့ချ်၊ ဘာစတိုနီ၊ ဒွန်ဖရိုင်းစ်၊ ဗီဒယ်လ်၊ ဘရိုဇိုဗစ်၊ ကယ်လ်ဟန်နိုဂလူး၊ ပါရီဆစ်၊ ဂျက်ကိုနဲ့ မာတီးနတ်စ် တို့ကို အသုံးပြုလာနိုင်တာပါ။ လီဗာပူးလ် အသင်း ကတော့ အလီဆန်၊ အာနိုးလ်၊ မာတစ်ပ်၊ ဗန်ဒိုက်၊ ရော်ဘတ်ဆန်၊ ဟန်ဒါဆန်၊ သီယာဂို၊ ဆာလတ်၊ ဖာမီနိုနဲ့ မာနေးတို့ကို ပွဲထွက် အသုံးပြုလာနိုင်တာ ဖြစ်ပါတယ်။
ဒါကြောင့် အင်တာမီလန်နဲ့ လီဗာပူးလ်ပွဲစဉ်ဟာ ပရိသတ် အကြိုက်တွေ့မယ့် ပွဲစဉ်ဖြစ်လာနိုင်ပြီး အပြန်အလှန် သွင်းဂိုးတွေ ကိုလည်း တွေ့မြင်ရနိုင်တာပါ။ ဒီပွဲမှာတော့ လီဗာပူးလ်အသင်းကပဲ အနိုင်ရလဒ် ရယူသွားနိုင်တယ်လို့ ထင်မြင်မိပါတယ်။
ဆဲလ်ဘတ်နဲ့ ဘိုင်ယန်မြူးနစ်
**************************
ဥရောပ အတွေ့အကြုံနုတဲ့ သြစတြီးယားကလပ်နဲ့ ဥရောပအတွေ့အကြုံရင့် ဂျာမန်ထိပ်သီးကလပ်တို့ ယှဉ်ပြိုင်ကြမှာပါ။ (၂)သင်းလုံးဟာ ပြည်တွင်းလိဂ်တွေရဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ရယူထားနိုင်တဲ့ အသင်းတွေပဲ ဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုမှာ ဘိုင်ယန်မြူးနစ်အသင်းက အသာရထားတာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ဂျာမန်ဘွန်ဒစ်လီဂါမှာ ဘိုချန်အသင်းကို အံ့အားသင့်ဖွယ် အရေးနိမ့်ခဲ့တာပါ။
ဘိုင်ယန်မြူးနစ် အသင်းဟာ နေရာလိုက် ကစားသမား အင်အားတောင့်တင်းပေမယ့် လက်ရှိအချိန်မှာ ဂိုးသမား နူအာ ဒဏ်ရာ ရရှိနေတာဟာ အသင်းကို အားနည်းစေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဒါဗီးစ်၊ ဂေါ်ရက် စကာ၊ မူစလီယာနဲ့ စတန်ဆစ်တို့လည်း ဒဏ်ရာရရှိနေတာပါ။ ဆဲလ်ဘတ် အသင်းမှာတော့ ဘာနာဒို၊ ကွိုင်တာ၊ အိုကော့နဲ့ ဆူဆစ်တို့ ဒဏ်ရာရရှိနေပြီး အဒီယီမီ၊ ကာမာရာ၊ ဆီဝဲလ်တ်နဲ့ အယ်လ်မာ တို့ကတော့ ဒီပွဲမှာ အဝါကတ်ထိခဲ့ရင် နောက်ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။
ဒီပွဲအတွက် ဆဲလ်ဘတ် အသင်းရဲ့ ဖြစ်နိုင်ဖွယ် လူစာရင်းကတော့ ကွန်၊ ခရစ်တန်ဆန်၊ ဆိုလတ်၊ ဝူဘာ၊ အယ်လ်မာ၊ ကာမာရာ၊ ကာပယ်လ်ဒို၊ အာရွန်ဆန်၊ ဆီဝဲလ်တ်၊ အိုကာဖော်၊ အဒီယီမီတို့ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းမှာတော့ အယ်လ်ရှစ်ချ်၊ ပါဗတ်၊ ဆူးလ်၊ ဟာနန်ဒတ်စ်၊ ဂါနာဘရီ၊ ကင်မစ်ရှ်၊ တိုလစ်ဆို၊ ကိုးမန်း၊ မူလာနဲ့ လီဝန်ဒေါစကီးတို့ ဖြစ်ပါတယ်။
ဒီပွဲကလည်း ဂိုးများနိုင်ပြီး အနိုင်ရလဒ်ဆိုရင်တော့ ဘိုင်ယန်မြူးနစ် အသင်းကိုပဲ ရွေးချယ်ချင်ပါတယ်။