CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂
လက်စတာအသင်းကနေ ထုတ်ပယ်ခံထားရတဲ့ နစ္စတယ်ရွိုင်းဟာ FC တွမ်တီးအသင်းရဲ့ နည်းပြရာထူးရယူကာ နည်းပြလောကထဲကို ပြန်လည် ဝင်ရောက်ဖွယ် ရှိနေပါတယ်။
ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းဟာ လက်စတာအသင်းကို ၂၇ ပွဲ ကိုင်တွယ်ခဲ့တာမှာ ၅ ပွဲသာ အနိုင်ရပြီး ၁၉ ပွဲ ရှုံးပွဲကြုံတွေ့ကာ အသင်းဟာ ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းဆင်းခဲ့ရတာပါ။
ဒတ်ချ်ကလပ် FC တွမ်တီးအသင်းဟာ ပြီးခဲ့တဲ့အပတ်က နည်းပြဂျိုဆက်အိုစတင်နဲ့ လမ်းခွဲခဲ့ပြီးနောက် နည်းပြသစ် ရှာဖွေမှု ပြုလုပ်နေတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ FC တွမ်တီးအသင်းရဲ့ နည်းပြရာထူးအတွက် နည်းပြ အများအပြား ချိတ်ဆက်မှုတွေ ခံနေရတာ ပါ။
နစ္စတယ်ရွိုင်းကို တွေ့ရစဉ်
အဲရစ်တန်ဟတ်၊ ဗန်ဘွန်မဲလ်၊ ရီနီဟော့ခ်တို့ဟာ FC တွမ်တီးအသင်း နည်းပြသစ် ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ ပါဝင်နေပါတယ်။
ဒတ်ချ်လိဂ်မှာ မှတ်တမ်းကောင်းတွေ ရရှိထားတဲ့ နစ္စတယ်ရွိုင်းကလည်း သူတို့ထဲက တစ်ဦးအနေနဲ့ ရှိနေတာပါ။
ESPN ရဲ့ သုံးသပ်သူ တစ်ဦးဖြစ်တဲ့ အာမာဒီက နစ္စတယ်ရွိုင်းဟာ FC တွမ်တီးအသင်းရဲ့ နည်းပြရာထူးအတွက် အပြင်းထန်ဆုံး စဉ်းစားသင့်တယ်သူလို့ အကြံပြုထားပါတယ်။
နစ္စတယ်ရွိုင်းဟာ ဒတ်ချ်ကလပ် PSV အသင်းကို ကိုင်တွယ်ခဲ့တုန်းက ပွဲပေါင်း ၅၁ ပွဲမှာ အနိုင် ၆၄.၇၁ ရာခိုင်နှုန်း အထိရှိခဲ့ပြီး ဒတ်ချ်ဖလား ရယူပေးနိုင်ခဲ့တာပါ။
နစ္စတယ်ရွိုင်းဟာ လက်စတာအသင်းကို မကိုင်တွယ်မီ ယူနိုက်တက်အသင်းမှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ရင်းနဲ့ နည်းပြအဲရစ်တန်ဟတ် ထုတ်ပယ်ခံရချိန်မှာ အသင်းကို ယာယီနည်းပြအဖြစ် ၄ ပွဲကိုင်တွယ်ခဲ့ပြီး ၃ ပွဲနိုင်၊ ၁ ပွဲသရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
FC တွမ်တီးအသင်းဟာ ဒီရာသီ ဒတ်ချ်လိဂ်ပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ နိုင်ပွဲ ၁ ပွဲသာရရှိကာ ရှုံးပွဲ ၃ ပွဲအထိ ကြုံတွေ့ ထားပြီး အမှတ်ပေးဇယားအဆင့် ၁၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: Goal