CNI Sport News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၃
သြစတြေးလျ အိုးပန်းပြိုင်ပွဲရဲ့ ပွဲစီစဉ်သူတွေက လက်ရှိ ချန်ပီယံဖြစ်တဲ့ ကမ္ဘာ့နံပတ်(၁) တင်းနစ်ကစားသမား ဂျိုကိုဗစ်ဟာ လာမယ့်လမှာ ကျင်းပမယ့် ဂရမ်းဆလမ်းပြိုင်ပွဲမှာ ပါဝင်ဖို့ မသေချာသေးဘူးလို့ ပြောလိုက်ပါတယ်။
အသက်(၃၄)နှစ်အရွယ်ရှိ ဆားဘီးယား ကစားသမားဟာ သူ့ရဲ့ ကာကွယ်ဆေးထိုးထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လူသိ ရှင်ကြား ပြောထားခြင်း မရှိပါဘူး။ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ကစားသမားတွေနဲ့ ဝန်ထမ်းတွေ အားလုံးဟာ ကာကွယ်ဆေး ထိုးထားရမှာဖြစ်ပြီး ဒါမှမဟုတ် အမှီအခိုကင်းတဲ့ ကျွမ်းကျင်သူတွေကနေ ခွင့်ပြုထားတဲ့ ဆေး ဘက်ဆိုင်ရာ ကင်းလွတ်ခွင့် ရရှိရမှာပါ။
မကြာသေးခင်က ကိုဗစ်ကူးစက်ခံထားရတဲ့ စပိန်နာမည်ကျော် ရာဖေးလ်နာဒယ်လ်ဟာ ဒီပြိုင်ပွဲမှာ ပါဝင်နိုင်မယ်လို့ ပြိုင်ပွဲ ကျင်းပရေးကော်မတီက ပြောထားတာ ဖြစ်ပါတယ်။
သြစတြေးလျ အိုးပန်းပြိုင်ပွဲကို လာမယ့်နှစ် ဇန်နဝါရီ ၁၇ ရက်တွင် မဲလ်ဘုန်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ကစားသမား တွေကတော့ သွေးပူ လေ့ကျင့်မယ့် ပြိုင်ပွဲအတွက် လာမယ့်အပတ်မှာ နိုင်ငံအတွင်းကို ရောက်ရှိလာမှာပါ။ ဂျိုကိုဗစ်ဟာ စံချိန် တင် ဂရမ်းဆလမ်း ဆုဖလား ၂၁ ကြိမ်နဲ့ သြစတြေးလျ အိုးပန်းချန်ပီယံဆု ၁၀ ကြိမ် ရယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပြီး ဒီပွဲကို ဝင်ပြိုင်မယ့် ကစားသမားစာရင်းမှာ ပါဝင်နေတာ ဖြစ်ပါတယ်။
ပုံ- ဂျိုကိုဗစ်ကိုတွေ့ရစဉ်။(aawsat)
ဂျိုုကိုဗစ်ဟာ ဇန်နဝါရီ ၁ ရက်နေ့ ဆစ်ဒနီမှာ ကစားမယ့် ATP ဖလားပွဲအတွက် ဆားဘီးယားအသင်း လူစာရင်းမှာလည်း ပါဝင် နေတာပါ။ ပြိုင်ပွဲကျင်းပရေး ဒါရိုက်တာ တိုင်လေးက ကာကွယ်ဆေး မထိုးထားတဲ့ ကစားသမားတွေနဲ့ ဝန်ထမ်းတွေရဲ့ ရာခိုင် နှုန်း အနည်းငယ်ကို ဆေးဘက်ဆိုင်ရာ ကင်းလွတ်ခွင့်ပြုထားတယ်လို့ ပြောထားတာဖြစ်ပါတယ်။
သြစတြေးလျတင်းနစ်ရဲ့ အမှုဆောင်အရာရှိချုပ်က “ကျနော်တို့ ဒီမှာ အကောင်းဆုံး ကစားသမားတွေကို ရှိစေချင်ပါတယ်။ ဂျိုကိုဗစ် ဒီမှာရှိတာကို မြင်တွေ့ချင်ပါတယ်။ ဂျိုကိုဗစ် အနေနဲ့ ဒီလို အချက်အလက်တွေရှိရင် အလွန်ကောင်းမွန်မှာ ဖြစ်ပေ မယ့်၊ မရှိခဲ့ရင်တော့ စိတ်ပျက်စရာပါပဲ”လို့ ပြောပါတယ်။
ရာဖေးလ်နာဒယ်လ်ကတော့ မကြာသေးခင်က အဘူဒါဘီမှာ ကျင်းပခဲ့တဲ့ မူဘာဒါလာ ကမ္ဘာ့တင်းနစ် ချန်ပီယံရှစ် ပြိုင်ပွဲကနေ ပြန်လာပြီး စပိန်ကို အရောက်မှာ ကိုဗစ်ပိုး ကူးစက်ခံခဲ့ရတာပါ။
ပြိုင်ပွဲကျင်းပရေး ဒါရိုက်တာက “နာဒယ်လ် ဒီမှာရှိနေမယ်လို့ ကျနော်ယုံကြည်ပါတယ်။ ခင်ဗျား အနေနဲ့ ကိုဗစ်ပိုး ကူးစက်ခံခဲ့ ရပြီး သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ကစားချင်တယ်ဆိုရင် ခင်ဗျားရဲ့ အချိန်က အခုပဲဖြစ်ပါလိမ့်မယ်”လို့ ပြောခဲ့တာ ဖြစ်ပါ တယ်။
ကစားသမားတွေက ပေးထားတဲ့ အချက်အလက်တွေပေါ် အခြေခံပြီး ကမ္ဘာ့အဆင့် (၁၀၀)အတွင်းရှိတဲ့ အမျိုးသမီး ကစား သမားတွေထဲမှာ (၈၅)ဦးက ကာကွယ်ဆေးထိုးတယ်လို့ WTA က ပြောထားတာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
Source: BBC