CNI Sport News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၇
လီဗာပူးလ်အသင်းနည်းပြ ကလောပ့်က ကိုဗစ်ရောဂါဖြစ်ပွားမှု မြင့်တက်နေလို့ ပရီးမီးယားလိဂ်ကို ရပ်လိုက်ရမယ် ဆိုတာ အကျိုးမရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။
ကိုဗစ်အခြေအနေတွေကြောင့် အခုလာမယ့် စနေ၊တနင်္ဂနွေမှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၅)ပွဲကို ရွှေ့ဆိုင်း ခဲ့ရပြီဖြစ်ပါတယ်။ နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း လီဗာပူးလ်အသင်းက ကစားသမား(၃)ဦး ဟာ ကိုဗစ်ကူးစက်ခံထားရလို့ မပါဝင်နိုင်ခဲ့ပါဘူး။ ကလောပ့်ကတော့ သူ့ကစားသမားတွေ အားလုံးဟာ ကာကွယ်ဆေး(၂)ကြိမ် ထိုးထားပြီးပြီလို့ ပြောခဲ့ပါတယ်။
ကလောပ့် က “လိဂ်ပြိုင်ပွဲကို ရပ်လိုက်ရတာဟာ မှန်ကန်တဲ့ အရာတော့မဟုတ်ပါဘူး။ ဒါပေမယ့် အချိန်ဇယားနဲ့ ပိုပြီးတော့ လိုက်လျောညီထွေရှိဖို့လိုပါတယ်။ အခုအချိန်ထိ ဘော လုံးကစမ်းသပ်မှုစနစ်တွေနဲ့အပြင်မှာ ထားထား တာဖြစ်ပြီး ကောင်လေးတွေအတွက် ကြီးမားတဲ့ စည်းကမ်းချက်တွေက တကယ်ကို ကောင်းမွန်ပေမယ့် ဒီတခါ တော့ ခက်ခဲပါတယ်”လို့ ပြောပါတယ်။
လီဗာပူးလ်အသင်းဟာ နယူးကာဆယ်အသင်းနဲ့ ပွဲမတိုင်ခင်မှာ အဓိကကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက်၊ ဖာဘင်ဟို နဲ့ ကာတစ်ဂျုံးစ်တို့ဟာ ကိုဗစ်ကူးစက်ခံထားရတာဖြစ်ပေမယ့် ပွဲကို ရွှေ့ဆိုင်းဖို့ ကလပ်အသင်းက မတောင်းဆို ခဲ့ဘူးလို့လည်း ကလောပ့်က ပြောခဲ့တာဖြစ်ပါတယ်။
ဘရန်ဖိုဒ့် အသင်းနည်းပြ သောမတ်စ်ဖရန့်ခ်က ကလပ်အသင်းတွေအနေနဲ့ ကိုဗစ်ရောဂါဖြစ်ပွားမှုကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့အတွက် အခုတစ်ပတ်မှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ ပါတယ်။ဒါပေမယ့် ပရီးမီးယားလိဂ်ကတော့ ဒါကို ဆန့်ကျင်ပြီး ပွဲတွေ ဆက်ကျင်းပဖို့ သတ်မှတ်ထားတာ ဖြစ်ပါ တယ်။ နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီ ကတော့ ပွဲတွေအားလုံးကို ရွှေ့ဆိုင်းပြီး ကစားမယ်ဆိုရင် အားလုံး ဆက်ကစားသင့်တယ်လို့ ယုံကြည်နေတာပါ။ ဒါ့အပြင် ပရီးမီးယားလိဂ်ရဲ့ဂုဏ်သိက္ခာအတွက် ဆုံးဖြတ်ချက် တခုခုချမှတ်ဖို့လိုတယ်လို့လည်း အက်ဒီဟိုဝီ က ပြောခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ အခုလာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စပါးအသင်းနဲ့ ကစားရမှာပါ။ စပါးအသင်းဟာ ကိုဗစ်အခြေအနေတွေဆိုးနေတာကြောင့် ရီးနတ်နဲ့ ယူရိုပါကွန်းဖရန့်စ်ပွဲစဉ်၊ ဘရိုက်တန်၊ လက်စတာတို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ ချယ်လ်ဆီးနဲ့အဲဗာတန် တို့ တဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း ချယ်လ်ဆီးအသင်းက အဓိကကစားသမားတွေဖြစ်တဲ့ လူကာကူ၊ တီမိုဝါနာနဲ့ အိုဒွိုင်းတို့ ဟာ ကိုဗစ်ကူးစက်မှုတွေကြောင့် မပါဝင်နိုင်ခဲ့သလို အဲဗာတန်ဘက်မှာလည်း ကစားသမားအချို့ဟာ ဖျားနာမှုတွေ ကြောင့် မပါဝင်နိုင်ခဲ့တာပါ။
ကိုဗစ်ကြောင့် ပွဲတွေရွှေ့ဆိုင်းလိုခြင်းရှိ မရှိဆိုတာနဲ့ပတ်သက်ပြီး ချယ်လ်ဆီးနည်းပြ တူချယ်လ် ကို မေးမြန်းခဲ့ရာ မှာ “ကျနော်တို့ ဒါနဲ့ပတ်သက်ပြီး တစက္ကန့်တောင် မဆွေးနွေးခဲ့ပါဘူး။ကိုယ့်အသင်းအတွက်ပဲ ပြင်ဆင်တယ်။ ကစားတဲ့ ကောင်လေးတွေအတွက် အမြဲတမ်းအာရုံစိုက်ပေးတယ်။ ဂိမ်းကစားသည်ဖြစ်စေ၊ မကစားသည်ဖြစ်စေ ဒါဟာ ကျနော့် အလုပ်မဟုတ်ဘူး”လို့ ပြောခဲ့တာဖြစ်ပါတယ်။
Source: BBC