CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀
ယူနိုက်တက်အသင်းဟာ အတ္တလန်တာအသင်း ကွင်းလယ်လူ အီဒါဆန်ကို ခေါ်ယူဖို့ အဆင်မပြေခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်း ကွင်းလယ်လူ ပယ်လ်ဟင်ညာကို အငှားနဲ့ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ပြီးခဲ့တဲ့နွေရာသီက ဖူလ်ဟမ်အသင်းကနေ ပေါင် ၄၈ သန်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ရှိလာခဲ့တဲ့ ပယ်လ်ဟင်ညာဟာ ဂျာမန်ကလပ်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာကြောင့် နွေရာသီမှာ အငှားနဲ့ ထွက်ခွာခွင့် ရရှိနိုင်တာပါ။
GiveMeSport က ဘိုင်ယန်မြူးနစ်နဲ့ ယူနိုက်တက်အသင်းတို့ဟာ ပယ်လ်ဟင်ညာအတွက် အတွင်းပိုင်း ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းဟာ ဝုလ်ဗ်စ်အသင်းက ကွန်ညာကို ခေါ်ယူခဲ့ပြီးနောက် အသုံးစရိတ် ကန့်သတ်မှုတွေကြောင့် ပရီးမီးယားလိဂ်မှာ သက်သေပြပြီးသား ကစားသမားတစ်ဦးကို အသင်းရဲ့ လူစာရင်းထဲမှာ ထည့်သွင်းချင်နေတာပါ။
ပယ်လ်ဟင်ညာဟာ အင်္ဂလန်မှာ အတွေ့အကြုံ ရှိပြီးသားသူ ဖြစ်တဲ့အတွက် ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကို အားကောင်းအောင် ကူညီမှုတွေ ပြုလုပ်ပေးနိုင်တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပယ်လ်ဟင်ညာကို အငှားနဲ့ခေါ်ယူဖို့အတွက် ကစားသမားအချို့ကို ရောင်းချဖို့လည်း ရှိနေတာပါ။
ပယ်လ်ဟင်ညာကို တွေ့ရစဉ်
ဘိုင်ယန်မြူးနစ်အသင်းဟာ ပယ်လ်ဟင်ညာကို ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ အပြီးသတ်ရောင်းချဖို့ ဆန္ဒရှိခဲ့ပေမယ့် သူ့ရဲ့ပုံစံကို ပြန်လည်ရရှိအောင် ကူညီဖို့အတွက် အငှားချဖို့ စဉ်းစားနေတာဖြစ်ပါတယ်။
ပယ်လ်ဟင်ညာရဲ့ စာချုပ်ဟာ ၄ နှစ် ကျန်ရှိနေသေးတဲ့အတွက် ဘိုင်ယန်မြူးနစ်အသင်းဟာ သူ့ကိုရောင်းချဖို့ အလျင်စလို ပြုလုပ်ဖို့မရှိတာပါ။
ယူနိုက်တက်အသင်းကတော့ ပယ်လ်ဟင်ညာဟာ ကုန်ကျစရိတ်နည်းပြီး နည်းပြအာမိုရင်ရဲ့ နည်းဗျူဟာပိုင်းမှာ အံ့ဝင်နိုင်မယ့်သူအဖြစ် မြင်နေတာပါ။
ယူနိုက်တက်အသင်းဟာ ပယ်လ်ဟင်ညာအတွက် တရားဝင် ကမ်းလှမ်းမှု မပြုလုပ်မီ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်ဆုံး ရပ်တည်မှုကို စောင့်ဆိုင်းနေပြီး အဆင်ပြေခဲ့ရင် သူ့ကို ရာသီကြို ခြေစမ်းပွဲတွေ မတိုင်မီ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
Source: Goal