CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၉

ဒေါ့မွန်အသင်းဟာ ယူနိုက်တက်အသင်းမှာ အနာဂတ်မရှိတော့တဲ့ ကစားသမားဟောင်း ဆန်ချိုကို အသင်းထံ တတိယအကြိမ်မြောက် ခေါ်ယူမှုပြုလုပ်ဖို့ စိတ်ဝင်စားနေပါတယ်။ 

ဒေါ့မွန်အသင်းဟာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ ဂစ်တန်စ်ရဲ့နေရာမှာ ဆန်ချိုကို ဖြစ်နိုင်ဖွယ် အစားထိုးခေါ်ယူမှုအဖြစ် သူ့ရဲ့အခြေအနေကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ Sky Sports က ဖော်ပြထား ပါတယ်။ 

ဆန်ချိုဟာ ၂၀၂၃-၂၄ ရာသီရဲ့ ဒုတိယရာသီဝက်မှာ ဒေါ့မွန်အသင်းထံ ၆ လ အငှားစာချုပ်နဲ့ ဒုတိယအကြိမ် ကစားခဲ့ပြီး တတိယအကြိမ်မြောက်အဖြစ် ထပ်ပြီးကစားလာနိုင်တာပါ။ 

ဆန်ချိုဟာ ဒေါ့မွန်အသင်းမှာ ပထမအကြိမ် ကစားခဲ့ချိန်က ခြေစွမ်းပြသနိုင်ခဲ့သလို ဒုတိယအကြိမ်အဖြစ် ကစားခဲ့ ချိန်မှာလည်း အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒေါ့မွန်အသင်းဟာ အငှားစာချုပ်အပြီးမှာ ဆန်ချိုကို ထပ်ပြီးခေါ်ယူချင်ခဲ့ပေမယ့် ယူနိုက်တက်အသင်းနဲ့ သဘော တူညီမှု မရရှိခဲ့တာပါ။ 

ဆန်ချိုကို တွေ့ရစဉ်

အဲဒါကြောင့် ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းမှာ အငှားနဲ့ ကစားခဲ့ပြီး ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲမှာ အသင်းအတွက် ၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ဆန်ချိုကို အပြီးသတ် မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ကစားသမားဟာ ယူနိုက်တက်အသင်းထံ ပြန်လာရမှာပါ။ 

ယူနိုက်တက်အသင်းဟာ နွေရာသီမှာ ဆန်ချိုကို အပြီးသတ်ရောင်းချဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ 

ဒေါ့မွန်အသင်းအနေနဲ့ ဆန်ချိုကို ခေါ်ယူဖို့ အမြန်ဆုံး ကြိုးစားနိုင်ခဲ့ရင် လာမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့ကိုအသင်း လူစာရင်းထဲ ထည့်သွင်းလို့ရမှာပါ။ 

ဆန်ချိုကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ်အသင်း အချို့အပြင်၊ တူရကီကလပ် အသင်းတွေလည်း စိတ်ဝင် စားနေပါတယ်။

ဆန်ချိုနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ် နွေရာသီအထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။ 

Source: Goal