CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၅

အာဂျင်တီးနားနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ စီးရီးအေချန်ပီယံ နာပိုလီအသင်းက ခေါ်ယူဖို့ စိတ်ဝင်စား ခြင်း ခံနေရပေမယ့် ဒီနွေရာသီမှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ရည်ရွယ်ထားခြင်း မရှိဘူးလို့ သိရပါ တယ်။

၂၀၂၂ ခုနှစ်နွေရာသီက အေဂျက်စ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ လီဆန်ဒရိုမာတီနက်ဇ်ဟာ ယူနိုက်တက် အသင်းရဲ့ အားထားရတဲ့ နောက်ခံလူဖြစ်ပေမယ့် ဒဏ်ရာကြောင့် ပွဲအများအပြားကို လွဲချော်နေတာပါ။ 

လီဆန်ဒရိုမာတီနက်ဇ်ဟာ လက်ရှိအချိန်မှာ အရွတ်ဒဏ်ရာကနေ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

အာဂျင်တီးနား နောက်ခံလူဟာ ယူနိုက်တက်အသင်းရဲ့ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်မှာ ပြန်ပါဝင်ပြီး စက်တင်ဘာမှာ ပွဲပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေတာပါ။

လီဆန်ဒရိုမာတီနက်ဇ်ဟာ ဒဏ်ရာ မှတ်တမ်းဆိုး ရှိနေပေမယ့် နာပိုလီအသင်းဟာ သူ့ကို ဖြစ်နိုင်ဖွယ်ရှိတဲ့ ခေါ်ယူမှုစာရင်းထဲမှာ ထည့်သွင်းထားပါတယ်။ 

လီဆန်ဒရိုမာတီနက်ဇ်ကို တွေ့ရစဉ်

နာပိုလီအသင်းဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းကနေ တိုမီနေးကို ခေါ်ယူပြီး စီးရီးအေ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ 

လီဆန်ဒရိုမာတီနက်ဇ်ကတော့ ယူနိုက်တက်အသင်းမှာ ဆက်နေပြီး နည်းပြအာမိုရင်ရဲ့ လက်အောက်မှာ အောင်မြင်မှုတွေရယူဖို့ စိတ်ပိုင်းဖြတ်ထားတာ ဖြစ်ပါတယ်။

လီဆန်ဒရိုမာတီနက်ဇ်ဟာ နည်းပြအာမိုရင်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး အဝတ်လဲခန်းထဲမှာ အသင်းရဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတာပါ။ 

ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၉၁ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုးသွင်းယူထားတဲ့ လီဆန်ဒရိုမာတီနက်ဇ်နဲ့ အသင်းတို့ရဲ့စာချုပ်ဟာ ၂၀၂၇ ခုနှစ် ရာသီကုန်အထိ သက်တမ်းရှိနေပါတယ်။ 

နာပိုလီအသင်းဟာ ယူနိုက်တက်အသင်းရဲ့ နောက်ထပ် ကစားသမားတစ်ဦးဖြစ်တဲ့ ဂါနာချိုကို ခေါ်ယူဖို့လည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။  

Source: besoccer