CNI Sport News

၂၀၂၅ ခုနှစ်၊ ဧပြီ ၂၃

ယူနိုက်တက်အသင်းကွင်းလယ်လူဟောင်း အိုဝင်ဟားဂရေ့ဗ်စ်က တိုက်စစ်မှူးဝက်ကင်စ်အနေနဲ့ နည်းပြ အူနှိုင်းအမ်မရီ လက်ထက်မှာ မပျော်ရွှင်ဘူးဆိုရင် အက်စတွန်ဗီလာအသင်းကနေ ထွက်ခွာဖို့ တိုက်တွန်းခဲ့ပါတယ်။ 

အိုဝင်ဟားဂရေ့ဗ်စ်က “ဝက်ကင်စ်အနေနဲ့ စိတ်ပျက်ဖို့ အခွင့်အရေးရှိတယ်ဆိုတာ သိသာပါတယ်။ ဒါပေမယ့် သူ လုပ်နိုင်တဲ့အကောင်းဆုံးအရာကတော့ နယူးကာဆယ်အသင်းနဲ့ပွဲမှာလုပ်ခဲ့တဲ့အတိုင်းကစားပြီး သွင်းဂိုးတွေ သွင်းယူကာ အသင်းကို ထိပ်ဆုံး ၄ သင်းထဲရောက်ရှိအောင်လုပ်ပေးရမှာပါ။ သူဟာ အသက် ၂၉ နှစ်အရွယ်ရှိပြီ ဖြစ်ပြီး ဒီမှာမပျော်ရွှင်ဘူးဆိုရင် အခြားတစ်နေရာမှာ သွားကစားပါ”လို့ ပြောခဲ့တာပါ။ 

အင်္ဂလန်တိုက်စစ်မှူးဝက်ကင်စ်ဟာ ပြီးခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် နှစ်ကျော့စလုံးမှာ အက်စတွန်ဗီလာအသင်းအတွက် လူစားဝင်အဖြစ်သာ ပါဝင်ခဲ့ရတာကြောင့် ဒေါသထွက်တယ်လို့ ဝန်ခံထားပါ တယ်။ 

ဝက်ကင်စ်ဟာ အက်စတွန်ဗီလာအသင်းက နယူးကာဆယ်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယား လိဂ်ပွဲစဉ်မှာ ခြေစွမ်းပြသပြီး ၁ ဂိုးသွင်းယူကာ ၁ ဂိုးဖန်တီးနိုင်ခဲ့တာပါ။

 

ဒါပေမယ့် ဝက်ကင်စ်ဟာ မန်စီးတီး အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းရဲ့ အရန်စာရင်းမှာသာ ပါဝင်ခဲ့ရပါတယ်။ 

ဝက်ကင်စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ဖြစ်ခဲ့ပြီး ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ် ခဲ့တာကို အက်စတွန်ဗီလာအသင်းက ပယ်ချခဲ့တာပါ။ 

အိုဝင်ဟားဂရေ့ဗ်စ်ကတော့ ဝက်ကင်စ်အနေနဲ့ အက်စတွန် ဗီလာအသင်းမှာ လူစားဝင်ကစားသမားအဖြစ်သာ ဆက်ပြီးပါဝင်ရမယ်ဆိုရင် သူ့ရဲ့အနာဂတ်ကို စဉ်းစားဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။

၂၀၂၀ ခုနှစ်က ဘရန်ဖိုဒ့်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဝက်ကင်စ်ဟာ အက်စတွန်ဗီလာအသင်းအတွက် ပြိုင်ပွဲစုံ ၂၁၈ ပွဲပါဝင်ကစားထားပြီး ၈၆ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ 

Source:Metro