CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၁
မက္ကဆီကိုဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက မွန်တာရေးအသင်း နောက်ခံလူ ရာမို့စ်ကို ကြမ်းတမ်းတဲ့ အပြုအမူကြောင့် ၁ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။
စပိန်ဝါရင့် နောက်ခံလူ ရာမို့စ်ဟာ မွန်တာရေးအသင်းက ပူးမက်စ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မက္ကဆီကို လိဂ်ပွဲစဉ်ရဲ့ မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၂ မိနစ်မှာ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခြင်းခံခဲ့ရတာပါ။
မက္ကဆီကိုဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ရာမို့စ်ကို အရေးယူမှု ပြုလုပ်ခဲ့ပြီး သူဟာ ကြမ်းတမ်းတဲ့ ကစားပုံကြောင့် ပွဲချိန်မိနစ် ၂၀ မှာ ကတ်တစ်ခုခု ပြသခံရသင့်တယ်လို့ ပြောခဲ့ပါတယ်။
ရာမို့စ်ကို တွေ့ရစဉ်
ပူးမက်စ်အသင်းနည်းပြက သူ့ရဲ့ကစားသမားကို တံတောင်နဲ့တွတ်ခဲ့တဲ့ ရာမို့စ်ကို အနီကတ်ပြ အရေးမယူခဲ့တဲ့ အပေါ် ပွဲအပြီးမှာ ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာပါ။
ဒါပေမယ့် ရာမို့စ်ဟာ ပွဲပြီးခါနီးမှာ ပူးမက်စ်ကစားသမား မာတီနက်ဇ်ကို အနောက်ကနေ ကန်ခဲ့တဲ့အတွက် တိုက်ရိုက် အနီကတ်ပြသခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
ရာမို့စ်ဟာ ၁ ပွဲပယ် ပြစ်ဒဏ်ကြောင့် မတ်လ ၃၀ ရက်မှာ ယှဉ်ပြိုင်မယ့် မက္ကဆီကိုလိဂ်ပွဲစဉ်မှာ မွန်တာရေးအသင်း အတွက် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
ရာမို့စ်ဟာ ဧပြီ ၅ ရက်မှာ ယှဉ်ပြိုင်မယ့် ချီဗက်စ်အသင်းနဲ့ပွဲစဉ်မှာ မွန်တာရေးအသင်းအတွက် ပြန်လည် ပါဝင်နိုင်မှာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီကမှ မွန်တာရေးအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ရာမို့စ်ဟာ မက္ကဆီကို ကလပ်အတွက် ၅ ပွဲ ပါဝင်ကစားအပြီးမှာ ၃ ဂိုး သွင်းယူထားတာဖြစ်ပါတယ်။
Source:besoccer