CNI Sport News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅

ရီးရယ်လ်အသင်းဂိုးသမားကော့တွိုက်စ်ဟာ နိုင်ငံအသင်းနဲ့ ၁၈ လကြာဝေးကွာပြီးနောက် ဘယ်လ်ဂျီယံ လက်ရွေးစင်အတွက် ပြန်ပါဝင်ကစားဖို့အဆင်သင့်ဖြစ်နေပြီလို့ ဝန်ခံခဲ့ပါတယ်။

ကော့တွိုက်စ်ဟာ ဘယ်လ်ဂျီယံအသင်းအတွက် ၂၀၂၃ ခုနှစ်၊ဇွန်က သြစတြီးယားအသင်းနဲ့ ယူရိုခြေစစ်ပွဲမှာ နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားထားတာပါ။

ဒီနောက်ပိုင်းမှာ ကော့တွိုက်စ်ဟာ နည်းပြတီဒက်စ်ကိုနဲ့ အဆင်မပြေဖြစ်ခဲ့တာကြောင့် ဘယ်လ်ဂျီယံအသင်းမှာ ရွေးချယ်ခံရခြင်းမရှိတော့ပါဘူး။

ကော့တွိုက်စ်ကလည်း သူဟာ နည်းပြတီဒက်စ်ကို တာဝန်ယူနေတဲ့ အချိန်အထိ ဘယ်လ်ဂျီယံအသင်းအတွက် ပါဝင်ကစားပေးမှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။ 

ဘယ်လ်ဂျီယံအသင်းဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲနဲ့ နေးရှင်းလိဂ်ပြိုင်ပွဲတွေမှာ ရလဒ်တွေဆိုးရွားခဲ့တာကြောင့် နိုင်ငံရဲ့ ဘောလုံးအဖွဲ့ချုပ်က နည်းပြတီဒက်စ်ကို - ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။ 

ဘယ်လ်ဂျီယံအသင်းဟာ ရူဒီဂါစီယာကို နည်းပြသစ်အဖြစ်ခန့်အပ်ပြီးနောက်မှာ ကော့တွိုက်စ်က သူဟာ နိုင်ငံအသင်းအတွက် ပြန်ပါဝင်ဖို့ အဆင်သင့်ပဲလို့ ပြောခဲ့ပါတယ်။ 

ကော့တွိုက်စ်က ဘယ်လ်ဂျီယံအတွက်ကစားရတာကို အလွန်လွမ်းဆွတ် နေတယ်လို့လည်း ပြောခဲ့တာပါ။ 

ဘယ်လ်ဂျီယံအသင်းနည်းပြသစ်အဖြစ်ခန့်အပ်ခံထားရတဲ့ ရူဒီဂါစီယာက ကော့တွိုက်စ်ကို ပြန်လည်ရွေးချယ် သွားမယ်လို့ မီဒီယာသမားတွေနဲ့တွေ့ဆုံချိန်မှာ ပြောထားပါတယ်။ 

အသက် ၃၂ နှစ်အရွယ်ရှိ ကော့တွိုက်စ်ဟာ ဘယ်လ်ဂျီယံအသင်းအတွက် ၂၀၁၁ ခုနှစ်မှာ စတင်ပွဲထွက်ခဲ့ပြီး ၁၀၂ ပွဲပါဝင်ကစားထားတာပါ။ 

ဘယ်လ်ဂျီယံ အသင်းရဲ့ရွှေရောင်မျိုးဆက်ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ကော့တွိုက်စ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းကို တတိယနေရာရရှိအောင် လက်စွမ်းပြသနိုင်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ လာမယ့် မတ်လမှာ နေးရှင်းလိဂ်ပလေးအော့ဖ်ပွဲစဉ်အဖြစ် ယူကရိန်းအသင်းနဲ့ အိမ်ကွင်း၊ အဝေးကွင်းယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source:DailyMail