CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၂

အာဆင်နယ်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ ယူနိုက်တက်အသင်း ကစားသမားသစ် ယိုရိုဟာ ကာရင်တန်မြက်ခင်းပြင်ပေါ်မှာ ပထမဆုံးအကြိမ် လေ့ကျင့်မှုတွေ ပြန်ပြုလုပ်ခဲ့ပါ တယ်။ 

နွေရာသီ အပြောင်းအရွှေ့က လိုင်လီအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ နောက်ခံလူ ယိုရိုဟာ ရိန်းဂျားစ်အသင်းနဲ့ ခြေစမ်းပွဲမှာ ယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်ပါဝင်ခဲ့တာပါ။ 

ဒါပေမယ့် ယိုရိုဟာ အာဆင်နယ်အသင်းနဲ့ အမေရိကန် ရာသီကြို ခြေစမ်းခရီးစဉ်မှာ နာရီဝက်သာ ကစားပြီးနောက် ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် ယိုရိုဟာ ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ၃ လကြာ အနားယူနေခဲ့ရတာပါ။ 

အခုအချိန်မှာတော့ ယူနိုက်တက်အသင်းဟာ ယိုရိုနဲ့ ပတ်သက်တဲ့ ပြန်လည်ထူထောင်ရေးဆိုင်ရာ နောက်ဆုံး အခြေအနေ တွေကို ထုတ်ပြန်ခဲ့ပါတယ်။

ယိုရိုကို တွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ ကာရင်တန်မှာ တစ်ဦးချင်း လေ့ကျင့်မှုတွေ စတင်ပြုလုပ်နေတဲ့ ယိုရိုရဲ့ ဗွီဒီယိုကိုတင်ခဲ့ပြီး သူဟာ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ အဓိကအစုအဖွဲ့ထဲကို ပြန်လည်ပူးပေါင်းနိုင်မယ်လို့ ဖော်ပြခဲ့တာပါ။ 

ယိုရိုဟာ ယူနိုက်တက်အသင်းအတွက် ကစားပေးနိုင်ဖို့ အလုပ်လုပ်စရာတွေ အများကြီး ကျန်ရှိနေသေးပေမယ့် သူ့ရဲ့အခြေအနေဟာ နည်းပြအဲရစ်တန်ဟတ်အတွက် သတင်းကောင်းဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ဗဟိုနောက်ခံလူ တစ်ဦးဖြစ်တဲ့ မက်ဂွဲယားကို ဒဏ်ရာကြောင့် အနားပေးထားရပြီး ဒီလစ်၊ လီဆန်ဒရိုမာတီနက်ဇ်၊ အီဗန်စ်နဲ့ လင်ဒီလော့ဖ်တို့ကို အသုံးပြုနေရတာပါ။ 

ပြီးခဲ့တဲ့ ဘရန်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နိုင်ပွဲရရှိခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ကြားရက်ထဲမှာ နည်းပြဟောင်း မော်ရင်ဟို ကိုင်တွယ်နေတဲ့ ဖီနာဘာချီအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။

Source: dailymail