CNI News

စင်ကာပူ ဇူလိုင် ၂၂

ဒုတိယမြောက် ONE World ဟူသော ခေါင်းစီးကို ဆုံးရှုံးပြီးနောက် လအနည်း ငယ် အကြာမှာ မြန်မာစပါးကြီး အောင်လအင်ဆန်းသည် သူ၏ရွှေခင်းသော လမ်းကို တဖန်ပြန်သွားဖို့ အသင့်ဖြစ်နေပြီဟု onefc.com က ရေးသား ဖော်ပြ သည်။

ထိုသို့ ပြန်သွားရမည့်လမ်းကြောင်းမှာလည်း ONE ကပဲ ဖြစ်ပြီး စင်ကာပူနိုင်ငံက မိုးလုံလေလုံအားကစားရုံထဲမှာ ယခုလကုန်ပိုင်း ဇူလိုင် ၃၀ ရက်၊ ညပိုင်း၌ အောင်လအင်ဆန်းက Leandro ‘Wolf’ Ataides နှင့် မစ်ဒယ်ဝိတ်တန်း ယှဉ်ပြိုင်ထိုးသတ်& ရှိနေသည်။

ဤပွဲသည် အောင်လ၏အသက်ဝမ်းကျောင်းရပ်တည်မှုအတွက် နောက်တစ်ဆင့်ကို အဆုံးအဖြတ်ပေးလိမ့်မည်ဟုလည်း onefc.com က မှန်းဆထားသည်။

“ဒီပွဲဟာ ကျနော့်အတွက် ဖန်တီးမလား (ဒါမှမဟုတ်) ရိုက်ချိုးမလား … တစ်ခုခုပဲ” ဟု ONE World ချန်ပီယံဟောင်းဖြစ်သူ အောင်လအင်ဆန်းက ပြောသည်။

“ဒါပေမယ့် ကျနော်အလုပ်ကို ကျနော် အားထည့်ထားပြီးပြီဆိုတာ နားလည်မိပါတယ်။ ကျနော့်အသင်းအတွက် ကျနော် ယုံကြည်တယ်။ သူတို့က ကျနော့်ကို ကောင်းကောင်းသင်ပေး၊ လေ့ကျင်ပေးတယ်။ အခု ရင်ဆိုင်တွေ့ဆုံမှုမှာ ထိပ်ဆုံးကို ရောက်လိမ့်မယ်လို့ ကျနော် ယုံကြည်ချက် ခိုင်ခိုင်မာမာရှိနေပါတယ်” ဟု သူက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့်အောက်တိုဘာလ၌ ရိုင်နီယာက အောင်လအင်ဆန်းကို သုံးမိနစ်ခွဲအတွင်း မလှုပ်နိုင်အောင် ချုပ်ကိုင်ပြီး အနိုင်ပိုင်းခဲ့သည်။ ယင်းနောက် ယခုနှစ် ဧပြီလ၌ မြန်မာကြယ်ပွင့် အောင်လအင်ဆန်းအတွက် ဟဲဗီးဝိတ်ခါးပတ် ရရှိစေဖို့ The Dutch Knight က ဆုံးဖြတ်လိုက်ပြန်သည်။

ကမ္ဘာ့အဆင့်ဟူသော ဂုဏ်ပုဒ်နှစ်ခုကို ဆုံးရှုံးလိုက်ရခြင်းသည် ဆေးခါးကြီးသောက်ရသလို မျိုချဖို့ လွန်စွာခဲယဉ်းလှသည်။ သို့သော် ၃၆ နှစ်အရွယ်ရှိ အောင်လအင်ဆန်းကတော့ အပြုသဘောကိုသာ အာရုံစိုက်ထားပြီး ပိုကောင်းသော ကိုယ်ခံပညာရှင်တစ်ယောက်ဖြစ်ဖို့အတွက် အခွင့်အလမ်းတစ်ရပ်အဖြစ် ထိုဆုံးရှုံးခြင်းကို အသုံးချခဲ့သည်။

“ဝမ်းနည်းစရာ၊ စိတ်ဓါတ်ကျစရာပါ။ ဒါပေမယ့် ပွဲစဉ်ဘယ်လောက်ပြိုင်နိုင်ပြီး ဘယ်လိုတိုးတက်အောင်၊ ရင့်သန်လာအောင်လုပ်တယ်ဆိုတာ ဆန်းစစ်ရမှာဖြစ်ပါတယ်” ဟု အောင်လအင်ဆန်းက ပြောသည်။

“ကျနော့်အတွေးအခေါ်က ပိုပြီး ရင့်သန်တိုးတက်တဲ့ အတွေးအခေါ်တစ်ခုပါ။ ဒါကြောင့် ရလဒ်မကောင်းတဲ့ ပွဲစဉ်အတွက်လည်း ကျနော် တကယ်အားထုတ်ခဲ့ရပါတယ်။ ဒါဟာ ကျနော့်အတွက် သင်ယူရတဲ့အတွေ့အကြုံပါ။ အင်မတန်ကောင်းပါတယ်။ စိတ်ဓါတ်ကျစရာ၊ ဝမ်းနည်းစရာဖြစ်ခဲ့တဲ့အတွက် ဘဝမှာ သင်ခန်းစာတစ်ခု ရခဲ့တာပါပဲ” ဟု အောင်လအင်ဆန်းက ရင်ဖွင့်သည်။

အရှုံးနှင့် ရင်ဆိုင်ခဲ့ရသော ပွဲစဉ်မှတ်တမ်းဗီဒီယိုဖိုင်ကို အောင်လအန်ဆန်း ပြန်ကြည့်သည်။ ကံမကောင်း အကြောင်းမလှခဲ့သော အတွေ့အကြုံများမှ သင်ခန်းစာယူပြီး အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ရှိ Sanford MMA ၌ သူ့လေ့ကျင့်ရေးအစီအစဉ်များကို အပြောင်းအလဲလုပ်သည်။

“ကျနော့်ရဲ့ ဆိုးတဲ့အနေအထားတွေကို တိုးတက်ကောင်းမွန်လာအောင် အာရုံစိုက်တယ်။ ဆိုးတဲ့အနေအထားတိုင်းကို သေချာအောင် ပြန်လေ့ကျင့်တယ်။ ခေါင်းအနေအထားကို နည်းနည်းလေး ပိုအသေးစိတ်ပြီး အာရုံစူးစိုက်ကြည့်တယ်။ တစ်ဖက်လူရဲ့ ကစားကွက်နဲ့ ခွန်အားအပေါ် စိုးရိမ်စိတ်ရှိမယ့်အစား ကျနော့်ကစားကွက်ကိုပဲ အကောင်အထည်ဖော်ကြည့်တယ်” ဟု သူ့ပြုပြင်ပြောင်းလဲရေးများနှင့်ပတ်သက်၍ အောင်လအန်ဆန်းက ရှင်းပြသည်။

မြန်မာပြည်ဖွား အောင်လအန်ဆန်း၏ဖြစ်တည်မှုကို Ataides က ယခုလကုန်ပိုင်းတွင် စမ်းသပ်တော့မည်ဖြစ်သည်။ Ataides သည်လည်း ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီက DeRidder ကို ကပ်သီးကပ်သတ် ရှုံးခဲ့ပြီးနောက် မကျေပွဲ နွှဲပြဖို့ ရှိသေးသည်။

ဝံပုလွေဟု တင်စားခေါ်ဝေါ်ကြသော Ataides ၅ ကြိမ်တိုင်တိုင် ဘရာဇီးဂျီဂျစ်ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ပြီး ခွန်အားကြီးမားလှသော အလဲထိုးနိုင်စွမ်းကို ပိုင်ဆိုင်ထားသူဖြစ်သည်။ စင်စစ်အားဖြင့် သူ့အတွက် အောင်ပွဲခံခဲ့သည့် ပွဲစဉ် ၁၁ ခု၏ထက်ဝက်ကျော်သည် KO မှ တစ်ဆင့်ဖြစ်ခဲ့သည်။

သို့သော် ပြိုင်ဘက်များ၏တိုက်ခိုက်မှုပုံစံက မြန်မာ့စပါးကြီးကို ခြိမ်းခြောက်နိုင်လိမ့်မည်တော့ မဟုတ်။

“Ataides ရဲ့ဟန်ရေးပြမှုတချို့မှာ အကွက်လေးတွေ ရှိတယ်ဗျ။ ခေါင်းချင်းဆိုင် ဝင်လုံးတာနဲ့ သတ်ပုတ်တာတွေမှာ သူ အင်မတန်ကျွမ်းတယ်။ ဒါမျိုးကစားကွက်ရှိတဲ့လူနဲ့ ကျနော်က ဒီထက်သာအောင် လုပ်ပြရမှာပါ” ဟု အောင်လအင်ဆန်းက ပြောသည်။

သည့်အတွက်လည်း နောက်ဆုံးဖန်တီးထားသည့် ကစားကွက်အစီအစဉ် များနှင့်အတူ စင်ကာပူတွင် ဘရာဇီးချန်ပီယံကို ရင်ဆိုင်တွေ့ရန် ဆုတ်သာ တက်သာ ရှိသည့် အပြောင်းအလဲအချို့ အောင်လအင်ဆန်းက ပြင်ဆင်ထား ကြောင်း သိရသည်။

Source: onefc.com


#အောင်လအင်ဆန်
#Aung La N Sang
#အောင်လအင်ဆန်း
#Ataides
#middleweight
#ONEChampionship
#ONEWorld
#ဘရာဇီး
#မြန်မာစပါးကြီး
#DeRidder
#USA
#Myanmar