CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၃

အိုလံပစ်ရွှေတံဆိပ်ဆုကို ၈ ကြိမ်ရရှိထားတဲ့ အူစိန်ဘို့က အလွန်လျင်မြန်တဲ့ ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘတ်ပီကို မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ သူအနိုင်ယူနိုင်တယ်လို့ ပြောခဲ့ပါတယ်။

အူစိန်ဘို့က “ဘတ်ပီဆီမှာ ထူးခြားတဲ့အရည်အသွေးရှိပြီး အလွန်လျင်မြန်ပါတယ်။ ဘောလုံးနဲ့အတူ သူဟာ အလွန်လျင်မြန်တဲ့သူပါ။ ဒါပေမယ့် မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာတော့ သူ့ကို ကျနော်အနိုင်ယူနိုင်ပါတယ်” လို့ Marca ရဲ့ မေးမြန်းမှုကို ဖြေခဲ့တာပါ။

ပြင်သစ်တိုက်စစ်မှူး ဘတ်ပီဟာ ကမ္ဘာဘောလုံးလောကမှာ အလျင်မြန်ဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး သူ့ရဲ့ အရှိန်အဟုန်နဲ့ ပြိုင်ဘက်ခံစစ်ကစားသမားတွေကို ခြိမ်းခြောက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

အသက် ၂၅ နှစ် အရွယ်ရှိ ကစားသမားဟာ ဆိုစီဒက်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မီတာ ၁၀၀ ကို ၁၀.၉ စက္ကန့်နဲ့ ပြေးနိုင်ခဲ့ပြီး ဂျမေကာအပြေးချန်ပီယံ အူစိန်ဘို့ရဲ့ ကမ္ဘာ့စံချိန်နဲ့ အနည်းငယ်ပဲ ကွာဟခဲ့တာပါ။ 

အူစိန်ဘို့ဟာ မီတာ ၁၀၀ ကို ၉.၅၈ စက္ကန့်နဲ့ ပြေးပြီး စံချိန်တင်ထားတာဖြစ်ပါတယ်။

အူစိန်ဘို့ဟာ လက်ရှိအချိန်မှာ အသက် ၃၇ နှစ်အရွယ်ကို ရောက်ရှိနေပြီး ကစားသမားဘဝနဲ့ ဝေးကွာနေပေမယ့် ဘတ်ပီနဲ့ မီတာ ၁၀၀ အပြေးပြိုင်ပွဲယှဉ်ပြိုင်ရင် သူ အနိုင်ယူနိုင်တယ်လို့ ပြောခဲ့တာပါ။

 ဘတ်ပီကတော့ သူ့ရဲ့ ပီအက်စ်ဂျီကစားသမားဘ၀ နောက်ဆုံးရာသီမှာ ဆုဖလားအောင်မြင်မှုတွေရယူနိုင်ဖို့ အာရုံစိုက်နေတာ ဖြစ်ပါ တယ်။ 

ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ဖို့ နီးစပ်နေပြီး ပြင်သစ်ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို ရောက်ရှိနေတာပါ။

အဲဒါကြောင့် ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းကို ဆုဖလား ၃ လုံးစလုံးရယူပေးပြီး စာချုပ်ကုန်ဆုံးချိန်မှာ ရီးရယ်လ် အသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

Source:Goal