CNI Sport News
၂၀၂၁ ခုနှစ်၊ နို၀င်ဘာ ၃
အင်တာမီလန် အသင်းနည်းပြဟောင်း ကွန်တီကတော့ စပါးအသင်းနဲ့ တနှစ်လုပ်ခလစာ ပေါင် ၁၅ သန်းနဲ့ ၁၈ လ သက်တမ်း ရှိတဲ့ စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။
စပါးအသင်းဟာ မန်ချက်စတာယူနိုက်တက် အသင်းကို ၃ ဂိုးပြတ်နဲ့ အရေးနိမ့်ပြီး ၄၈ နာရီအတွင်းမှာပဲ နည်းပြ နူနိုကို ရာထူးက ထုတ်ပယ်ခဲ့ပါတယ်။ဒီနောက်မှာတော့ ကွန်တီကို နည်းပြသစ်အဖြစ် အလျင်အမြန် ခန့်အပ်ခဲ့တာလည်း ဖြစ်ပါ တယ်။
စပါးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၅ ပွဲအထိ အရှုံးရလဒ်တွေနဲ့ပဲ ရင်ဆိုင်ထားရပါတယ်။ စပါး အသင်းဟာ ပရီးမီးယားလိဂ် ၁၀ ပွဲ ကစားပြီးချိန်မှာ အသင်းရဲ့တိုက်စစ်ပိုင်းက ၉ ဂိုးသာ ရရှိထားလို့ ကွန်တီအနေနဲ့ တိုက်စစ် ပိုင်းကို တိုးတက်မှုရရှိအောင် ပြုလုပ်ရမှာလည်း ဖြစ်ပါတယ်။
ပုံ-အေစီမီလန်အသင်း ကစားသမား ကတ်ဆီကိုတွေ့ရစဉ်
စပါးအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီကတည်းက ကွန်တီကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် ကလပ်ရဲ့ အပြောင်းအရွှေ့ မူဝါဒတွေကို ဆွေးနွေးတဲ့အခါမှာ အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် ပျက်ပြယ်ခဲ့တာဖြစ်ပြီး အခုအချိန်မှ ခန့်အပ်နိုင်ခဲ့တာ လည်း ဖြစ်ပါတယ်။
စပါးအသင်းပိုင်ရှင်ကတော့ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ခေါ်ယူပေးမယ်လို့ နည်းပြသစ် ကွန်တီကို ပြောပါတယ်။ ကွန်တီဟာ အီတလီကလပ်အသင်းတွေက ကစားသမားတွေဖြစ်တဲ့ ဖီအိုရင်တီးနားအသင်း တိုက်စစ် မှူး ဗလာဟိုဗစ်နဲ့ အေစီမီလန်အသင်း ကွင်းလယ်ကစားသမား
ကတ်ဆီတို့ကို အဓိက ခေါ်ယူချင်နေတာ ဖြစ်တယ်လို့ ဂါဇတ်တာဒယ်လိုစပေါ့က ဖော်ပြထားပါတယ်။
ပုံ-ဖီအိုရင်တီးနားအသင်း ကစားသမား ဗလာဟိုဗစ်ကိုတွေ့ရစဉ်
ဒါ့အပြင် စပါးအသင်းရဲ့ အဝယ်စာရင်းမှာ အင်တာအသင်းက ဒီဗာ့ချ်၊ လာဇီယိုအသင်းက လာဇရီတို့လည်း ပါဝင်နေတယ်လို့ သိရပါတယ်။
အသင်းကြီးတွေရဲ့ ပစ်မှတ်အဖြစ် ရှိနေတဲ့ ဗလာဟိုဗစ်ဟာ ဖီအိုရင်တီးနားအသင်းနဲ့ သက်တမ်းတိုးတော့မှာ မဟုတ်ဘူးလို့ အတည်ပြုထားတာ ဖြစ်ပါတယ်။ ဗလာဟိုဗစ်နဲ့ ဖီအိုရင်တီးနားအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ(၂၀၂၃ ခုနှစ်မှာ ကုန်ဆုံး မှာဖြစ်ပြီး ကစားသမားရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင်သန်း ၆၀ ဝန်းကျင် ရှိနေတာလည်း ဖြစ်ပါတယ်။
ကတ်ဆီကလည်း အေစီမီလန်အသင်းနဲ့ အခုရာသီအကုန်မှာ စာချုပ်ကုန်ဆုံးတော့မှာပါ။ အိုင်ဗရီကို့စ် လက်ရွေးစင်ကစား သမား ကတ်ဆီဟာ အခုအချိန်ထိ အေစီမီလန်အသင်းနဲ့ စာချုပ်သစ်အတွက် သဘောတူညီမှု မရရှိသေးပါဘူး။