CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉

ပီအက်စ်ဂျီအသင်းနဲ့ နယူးကာဆယ်အသင်းတို့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်အပြီးမှာ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီက သူတို့ဟာ နယူးကာဆယ်အသင်းကို အနိုင်ရဖို့ အခွင့်အရေးတွေ အများကြီးရှိခဲ့တယ်လို့ ပြောလိုက်ပါတယ်။

ဘတ်ပီက “ဒီပွဲက အလွန်ခက်ခဲပါတယ်။ ကျနော်တို့ဟာ ဒီပွဲကို အနိုင်ရယူနိုင်ဖို့ အခွင့်အရေးတွေ အများကြီး ရှိခဲ့ပါ တယ်။ ကျနော်ဟာ အသင်းအတွက် ဒီထက်ပိုပြီး လုပ်ဆောင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျနော်တို့ ဂိုးရနိုင်မယ့် အခွင့်အရေးတွေ အများကြီးရရှိခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး”လို့ TNT Sport ကို ပြောခဲ့ပါတယ်။

ဒီပွဲမှာ နယူးကာဆယ်အသင်းဟာ ပွဲချိန်၂၄ မိနစ်မှာ အိုင်ဆက်ခ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘတ်ပီက ပွဲချိန် ၉၈ မိနစ်မှာ အငြင်းပွားဖွယ် နောက်ကျ ပင်နယ်တီနဲ့ ပီအက်စ်ဂျီအသင်းအတွက် ချေပဂိုး သွင်းယူနိုင်ခဲ့ ပါတယ်။ 

နယူးကာဆယ်အသင်း နောက်ခံလူ လီဗရာမန်တို ဂိုးဧရိယာအတွင်း လက်နဲ့ထိခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်လူကြီး က ပင်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့တာကြောင့် နယူးကာဆယ်အသင်း နိုင်ပွဲနဲ့ ဝေးခဲ့ရပါတယ်။

ဘတ်ပီကိုတွေ့ရစဉ်

ပီအက်စ်ဂျီအသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၃၁ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၇ ကြိမ်အထိ ရှိခဲ့တာဖြစ်ပြီး နယူးကာဆယ်အသင်း ခံစစ်နဲ့ ဂိုးသမားရဲ့ လက်စွမ်းပြမှုတွေကြောင့်  သွင်းဂိုး အများအပြား မရရှိခဲ့တာ ဖြစ်ပါတယ်။ 

နယူးကာဆယ်အသင်းကတော့ ဘောလုံးပိုင်ဆိုင်မှု ၂၈ ရာခိုင်နှုန်း ဂိုးပေါက်ကန်သွင်းမှု ၅ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၂ ကြိမ်သာရှိခဲ့ပေမယ့် ၁ ဂိုးရအောင် သွင်းယူနိုင်ခဲ့ပါတယ်။

နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟိုဝီက ပီအက်စ်ဂျီအသင်းကို ပင်နယ်တီ မပေးသင့်ဘူးလို့ ပွဲအပြီးမှာ ပြောခဲ့ ပါတယ်။ 

နယူးကာဆယ်အသင်းဟာ ဒီပွဲ အနိုင်မရခဲ့တာကြောင့် နောက်ဆုံးပွဲမှာ အေစီမီလန်အသင်းကို အနိုင်ရယူနိုင်ရင် တောင် ပီအက်စ်ဂျီအသင်းက ဒေါ့မွန်အသင်းကို အနိုင်မရယူနိုင်မှသာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာပါ။ 

ဒေါ့မွန်အသင်းကတော့ အေစီမီလန်အသင်းကို အနိုင်ရယူနိုင်ခဲ့တာကြောင့် ၁၆ သင်းအဆင့်ကို တက်ရောက် သွားခဲ့ပါတယ်။ 

နယူးကာဆယ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။

Source: CNA