CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၈

ဘိုင်ယန်မြူးနစ်အသင်းဟာ ပရိသတ်တွေရဲ့ ကန့်ကွက်မှုတွေကြောင့် နောက်ခံလူဟောင်း ဘိုတန်ကို ပြန်လည် ခေါ်ယူတော့မှာ မဟုတ်ဘူးလို့ အတည်ပြုလိုက်ပါတယ်။

အသင်းလက်မဲ့ဖြစ်နေတဲ့ ဘိုတန်ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဒဏ်ရာတွေ ကြောင့် အခက်အခဲဖြစ်နေတဲ့ အသင်းဟောင်းနဲ့ စာချူပ်ချုပ်ဆိုဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် ဘိုတန်ဟာ အိမ်တွင်း အကြမ်းဖက်မှုနဲ့ အမှုရင်ဆိုင် နေရတာကြောင့် ဒီကစားသမားကို ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဘိုင်ယန်မြူးနစ် အသင်းအနေနဲ့ ဘိုတန်ကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် တနင်္ဂနွေနေ့မှာ ကစားမယ့် ဖရိုင်းဘတ်အသင်းနဲ့ ပွဲကို တက်ရောက်ကြည့်ရှုမှာ မဟုတ်ဘူးလို့ ပရိသတ်တွေက ကန့်ကွက် ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

နောက်ခံလူ ဘိုတန်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ၁၀ နှစ်ကြာ ပွဲပေါင်း ၃၆၃ ပွဲ ပါဝင်ကစားခဲ့ကာ ဘွန်ဒစ်လီဂါ ဖလား ၉ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ရယူနိုင်ခဲ့ပါတယ်။

ဘိုတန်ဟာ ဂျာမနီ လက်ရွေးစင်အသင်းနဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံဆုကိုလည်း ရယူထားနိုင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်ခံလူတွေဖြစ်တဲ့ ကင်မင်ဂျေးနဲ့ အူပါမီကာနိုတို့ဟာ ဒဏ်ရာကနေ သက်သာလာ ပြီဖြစ်လို့ မကြာခင် ပြန်ကစားနိုင်တော့မယ်လို့ အသင်းဘက်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် သူတို့တွေဟာ နိုင်ငံတကာ ပွဲစဉ်အပြီးမှသာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ပါဝင် ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ အခုရာသီ ဘွန်ဒစ်လီဂါ ၆ ပွဲ ကစားထားအပြီးမှာ ၄ ပွဲနိုင်၊ ၂ ပွဲ သရေကျထားပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ အုပ်စုတွင်းပွဲစဉ် ၂ ပွဲစလုံး အနိုင်ရရှိထားပါတယ်။

Source: Goal