CNI Sport News

၂၀၂၃ ခုနှစ်၊  အောက်တိုဘာ ၅

ပေါ်တူဂီနဲ့ ယူနိုက်တက် အသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့နှစ်က ကမ္ဘာပေါ်မှာရှိတဲ့ အခြား ဘောလုံးကစားသမားတွေထက် မိနစ်အများဆုံး ကစားထားတဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ Fifpro က ဖော်ပြထားပါတယ်။
Fifpro က ဘရူနိုဖာနန်ဒက်စ်ဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်ကနေ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက် ကြားထဲမှာ မိနစ်ပေါင်း ၆,၆၆၆ မိနစ် ပါဝင်ကစားခဲ့တယ်လို့ ပြောခဲ့တာပါ။ 

ဒီအဖွဲ့အစည်းဟာ ထိပ်တန်း ကစားသမားတွေ ရင်ဆိုင်နေရတဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ တောင်းဆိုချက်တွေကို ဖော်ပြဖို့ ကစားသမားပေါင်း ၁,၈၀၀ ရဲ့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာခဲ့တာ ဖြစ်ပါတယ်။ 

Fifpro ဟာ ကစားသမားတွေကို ကာကွယ်နိုင်ဖို့အတွက် ဘောလုံးပြက္ခဒိန်ကို ပြောင်းလဲမှုတွေ ပြုလုပ်ပေးဖို့ တောင်းဆိုမှုတွေ ရှိနေတာပါ။ 

ဘရူနိုဖာနန်ဒက်စ်ဟာ အဆိုပါ ကာလအတွင်းမှာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၇၂ ပွဲ ပါဝင်ကစားခဲ့ပြီး မနှစ်ကရာသီက ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တဲ့ မန်စီးတီးအသင်းက ကစားသမား ၄ ဦးဟာ ထိပ်ဆုံး ၁၀ ဦးစာရင်း ထဲမှာ ပါဝင်ခဲ့ပါတယ်။ 

မိနစ်အများဆုံး ကစားထားသော ဘောလုံသမားများစာရင်းကိုတွေ့ရစဉ်

စပိန်ကွင်းလယ်လူ ရိုဒရီက ၆၈ ပွဲ၊ ပေါ်တူဂီကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက ၆၇၊ ဆွစ်ဇာလန် နောက်ခံလူ အကန်ဂျီက ၆၆ ပွဲနဲ့ အာဂျင်တီးနား တိုက်စစ်မှူး အယ်လ်ဗားရက်ဇ်က ၆၆ ပွဲ ပါဝင်ကစားခဲ့တာပါ။

ဘရူနိုဖာနန်ဒက်စ်ရဲ့ ယူနိုက်တက်အသင်းဖော် ရက်ရှ်ဖို့ဒ်ကလည်း ၆၇ ပွဲနဲ့ ဒီစာရင်းရဲ့ ထိပ်ဆုံး ၁၀ ဦးထဲမှာ ပါဝင် ခဲ့တာ ဖြစ်ပါတယ်။ 

အမျိုးသမီးဘောလုံး သမားတွေထဲမှာဆိုရင် ရီးရယ်လ်နဲ့ စပိန်အသင်းဂိုးသမား မီဆာက ၄,၇၂၂ မိနစ်နဲ့ မိနစ် အများဆုံး ကစားထားတဲ့သူအဖြစ် ရပ်တည်နေတာပါ။ Fifpro ကတော့ ပွဲစဉ်တွေ အလွန်များပြား နေတာကြောင့် ကစားသမားတွေကို ကာကွယ်ဖို့ လိုအပ်တယ်လို့ ပြောထားပါတယ်။ 

ပွဲစဉ်တွေ များပြားနေတဲ့အတွက် ပရီးမီးယားလိဂ် ထိပ်သီး အသင်းတွေက ကစားသမားတွေဟာ ရာသီသစ် စတင် တာ ၆ ပတ်ကျော်သာ ရှိသေးတဲ့အချိန်မှာ ဒဏ်ရာကြောင့် အချိန်အကြာကြီး အနားယူတာတွေ ကြုံတွေ့နေရတာပါ။ 

ယူနိုက်တက် အသင်းနည်းပြ အဲရစ်တန်ဟတ်က ကစားသမားတွေဟာ ဒီလိုအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်း လို့ မရဘူးလို့ ပြောထားပါတယ်။

Source: BBC