CNI Sport News
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၄
ဆားဘီးယား တင်းနစ်သမား ဂျိုကိုဗစ်ဟာ မောပန်းနွမ်းနယ်နေတာကြောင့် လာမယ့်လ တိုရွန်တိုမှာ ကျင်းပမယ့် ကနေဒီယန် အိုးပန်းပြိုင်ပွဲကနေ နုတ်ထွက်ခဲ့တယ်လို့ ပြိုင်ပွဲစီစဉ်သူတွေက ကြေညာခဲ့ပါတယ်။
အသက် ၃၆ နှစ်အရွယ်ရှိ ဂျိုကိုဗစ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲ ဗိုလ်လုပွဲမှာ စပိန် တင်းနစ်သမား အယ်လ်ကာရက်ဇ်ကို အရေးနိမ့်ခဲ့ပြီး ဂရမ်းဆလမ်း ချန်ပီယံစံချိန်တင်ရနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။
ဂျိုကိုဗစ်ဟာ လက်ရှိအချိန်မှာ ပြိုင်ပွဲဆက်တိုက် ယှဉ်ပြိုင်ပြီး မောပန်းနွမ်းနေတာကြောင့် နုတ်ထွက်ခဲ့လို့ သူ့ရဲ့ နေရာမှာ အမေရိကန် တင်းနစ်သမား ခရစ္စတိုဖာကို အစားထိုးခဲ့တယ်လို့ သိရပါတယ်။
ဂျိုကိုဗစ်က “ကနေဒါမှာ ကျနော့်ရဲ့ အချိန်တွေကို အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ ရှိခဲ့ပေမယ့် ကျနော့်ရဲ့ အဖွဲ့နဲ့ စကားပြောပြီးတဲ့ နောက်မှာတော့ ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ ယုံကြည်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို နားလည်ပြီး လက်ခံပေးတဲ့ ပြိုင်ပွဲကျင်းပရေး ဒါရိုက်တာကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဂျိုကိုဗစ်ကို တွေ့ရစဉ်
ဂရမ်းဆလမ်း ချန်ပီယံဆုကို ၂၃ ကြိမ် ရရှိထားတဲ့ ဂျိုကိုဗစ်ဟာ တိုရွန်တိုမာစတာပြိုင်ပွဲမှာ ချန်ပီယံဆုကို ၄ ကြိမ် ရရှိထားတာပါ။
ဆားဘီးယား တင်းနစ်သမားဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို နောက်ဆုံး ရယူနိုင်ခဲ့တာက ၂၀၁၆ ခုနှစ်ကဖြစ်ပါတယ်။
အဲဒီပြိုင်ပွဲမှာတုန်းက ဂျပန်တင်းနစ်သမား နီရှီကိုရီကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံ ကတော့ ပါဘလိုကာရီနို ဖြစ်တယ်လို့ သိရပါတယ်။
ကနေဒီယန် အိုးပန်းပြိုင်ပွဲကို သြဂုတ် ၇ ရက်မှာ စတင်ပြီး ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: BBC