CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၁၀

ယူနိုက်တက်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ရှိနေပေမယ့် ဘာစီလိုနာမှာ ပျော်ရွှင်ပြီး နှစ်ပေါင်းများစွာ ဆက် နေချင်တယ်လို့ ကွင်းလယ်ကစားသမား ဒီဂျောင်က ပြောလိုက်ပါတယ်။

ဒီဂျောင်က “ကျနော် ဒီမှာ အေးအေးဆေးဆေးပဲရှိပြီး ဘာစီလိုနာမှာ အလွန်ပျော်ရွှင်ပါတယ်။ ကျနော် ဘာစီလိုနာ အသင်းမှာ နောက်ထပ် နှစ်ပေါင်းများစွာကြာ ဆက်ပြီး နေချင်ပါတယ်”လို့ ပြောခဲ့တာကို RAC1 က ဖော်ပြခဲ့တာပါ။

နွေရာသီ အပြောင်းအရွှေ့ မတိုင်ခင်မှာ ဒီဂျောင်ရဲ့ အပြောင်းအရွှေ့ သတင်းတွေဟာ ထပ်ပြီး ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေက ဒီဂျောင်ဟာ ဘာစီလိုနာ အသင်းကနေ ရွှေ့ဆိုင်းထားတဲ့ လုပ်ခလစာ ရဖို့ရှိတာ အပြင် အင်္ဂလန်ကို လာရောက်ဖို့အတွက် စပိန်ကလပ်ကနေ ထွက်ခွာလိုခြင်း မရှိတာကြောင့် ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တာပါ။

ဒီဂျောင်ဟာ အရင်ကတည်းက ဘာစီလိုနာမှာ ပျော်ရွှင်တယ်လို့ အကြိမ်ပေါင်းများစွာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ဒီဂျောင်ကို ခေါ်ယူဖို့ အလိုရှိနေတာကြောင့် ယူနိုက်တက် အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ပွဲမှာ တွေ့ရတဲ့ ဒီဂျောင်

အဲရစ်တန်ဟတ်ဟာ ဒီဂျောင်နဲ့ အေဂျတ်ဇ်အသင်းမှာ အတူလက်တွဲဖူးတာကြောင့် ကစားသမားရဲ့ အရည်အချင်း တွေကို သိတာဖြစ်ပါတယ်။ အဲဒါကြောင့် ယူနိုက်တက်အတွက် လိုအပ်နေတဲ့ ကွင်းလယ်နေရာအတွက် ဒီဂျောင်နဲ့ အားဖြည့်ချင်နေတာပါ။

ဘာစီလိုနာ အသင်းကတော့ ဘဏ္ဍာရေး အခက်အခဲတွေကြောင့် ဒီဂျောင်ကို ရောင်းချချင်ခဲ့ပေမယ့် ကစားသမား က ဆက်နေချင်တဲ့ ဆန္ဒကြောင့် ဆက်ထားခဲ့ရတာ ဖြစ်ပါတယ်။ ဒီဂျောင်ဟာ နည်းပြ ဇာဗီရဲ့ အထင်ကြီးမှုကို ရရှိ ပြီး ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်တစ်နေရာကို သိမ်းပိုက်ထားတာပါ။

ယူနိုက်တက်နဲ့ ဘာစီလိုနာ အသင်းတို့ဟာ ဒီရာသီ ယူရိုပါလိဂ် ပလေးအော့ဖ် အဆင့်မှာ တွေ့ဆုံခဲ့တာကြောင့် ဒီဂျောင်ဟာ ယူနိုက်တက်အသင်းနဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ရသေးတာ ဖြစ်ပါတယ်။

ဒီဂျောင်ဟာ ဘာစီလိုနာအသင်းမှာ ပျော်ရွှင်တယ်လို့ ပြောနေပေမယ့် ယူနိုက်တက်အသင်းက ခေါ်ယူဖို့ ထပ်မံ ကြိုးစားလာတာနဲ့ စပိန်ကလပ်က ငွေကြေးလိုအပ်တာတွေကြောင့် အပြောင်းအရွှေ့ သတင်းတွေထပ်ပြီး ထွက် ပေါ်လာဖို့ ရှိနေတာ ဖြစ်ပါတယ်။

Source: Goal